အပိုင်း ၂၈

312 18 1
                                    


ကိုယ်ပိုင် ဆေးခန်းလေးဖွင့်ပီကတည်းက ဘဝကပိုပီးအေးချမ်းလာသလိုပင်။ မောင့်ကို လွမ်းတိုင်းလဲ ကောင်းကင်ကြီးကို မော့ကြည့်နေမိတုန်းဖြစ်သည်။ အခုဆို မောင်မရှိတော့တာ သုံးနှစ်တောင်ပြည့်လို့လာပီ။ အရာအားလုံးက အသစ်တွေလိုပင်။

"မောင် အေးချမ်းစွာအနားယူပါ

မောင့် အုတ်ဂူလေးဆီသို့ အချိန်မှန်စွာ ဂျီမင် ရောက်ရောက်နေတက်သည်။ မောင်နဲ့အတူ စကားတွေဖောင်ဖွဲ့ပြောပီး ဝမ်းနည်းစွာငိုကြွေးနေမိတာလဲ အကြိမ်ကြိမ်ပေါ့.....

"Three full years ပါ မောင် မင့်ကိုထားခဲ့တာ သုံးနှစ်တောင် ပြည့်ပီ နော်။ မင် ကတိတည်ပါတယ် မောင့်ကိုတစ်ယောက်ထဲ ပစ်မထားဘူး

အသက်မဲ့နေသော ရုပ်ပုံကိုကြည့်ရင်း ဂျီမင် တစ်ယောက်ထဲ စကားတွေပြောနေမိသည်။ မောင် ပြောခဲ့သလိုပဲ မင့်အနားမှာ မောင်ကတစ်ချိန်လုံးရှိနေခဲ့တာများလား။ နေရာတိုင်းမှာ မောင့်အငွေ့သက်တွေက မင့် အနားပြန့်လွင့်နေသယောင်။ မောင့်ကို လွမ်းရင် အရင်လိုမငိုဖြစ်တော့ဘူး။ မောင်ရဲ့ ဓာတ်ပုံလေးနှင့် အလွမ်းပြေစကားပြောဖြစ်သည်။ လူတွေကိုယ့်ကို ဘယ်လိုပဲ ရူးတယ်ပြောပါစေ ဂျီမင် ဂရုမစိုက်ပါ။ အခုရော၊ နောက်ရော၊ မောင်က မင်နဲ့အတူ အချိန်တိုင်း ရှိနေလို့ပင်။

"ဒီနေ့ မောင်နဲ့တူတဲ့လူတစ်နဲ့ဆုံတယ် သိလား။ သူက မောင့်လိုမျက်ဝန်းပြာပြာလေးတွေကို ပိုင်ဆိုင်ထားတာ။ သိပ်လှတာပဲ သူ့မျက်ဝန်းပြာပြာလေးတွေကြောင့် မောင့်ကို လွမ်းမိသား။ ဒါပေမဲ့ မောင်မှ မဟုတ်တာ။

လွမ်းလိုက်တာ မောင်ရယ်.........

မောင်မရှိလဲ မင် နေတက်နေလေပီ။ ကျန်ရှိနေတဲ့ သူ့ဘဝကို မောင့်ကိုလွမ်းရင်းကုန်ဆုံးစေသည်။ ခံစားချက်တစ်ချို့ကို အချိန်ကတစ်ဖြေးဖြေးကုစားလာပေမဲ့ တစ်ဘဝစာ ရည်ညွှန်းခဲ့တဲ့ သိပ်ချစ်ခဲ့ရတဲ့လူတစ်ယောက်ကို ဆုံးရှုံးလိုက်ရတာဟာ ဂျီမင့်အတွက် ကြီးမားသော ဆုံးရှုံးမူ့ဖြစ်ခဲ့‌သည်။ မင့်ရဲ့ အချစ်တွေကို မောင်နဲ့အတူ မြုတ်နှံခဲ့ပီမို့ မောင့်နေရာအတွက် အစားထိုးခံလူဆိုတာလဲ ရှိနိုင်လိမ့်မည်မထင်တော့ပါ။

နွေးထွေးသော မောင့်ရင်ခွင်ဝယ် 💔 ( Completed ) Where stories live. Discover now