အပိုင်း ၁၁

306 20 0
                                    

After A Week................

"မင်

"အွန်း ပြောလေ မောင်

"မောင်တို့ ချစ်သူဖြစ်တာ ဒီနေ့နဲ့ဆို တပတ်ပြည့်ပီနော်

"အွန်း သိတယ်လေ မောင်ရဲ့

သူ ပြောတော့ အချိုဆုံးအပြုံးလေးတွေနှင့် တုန့်ပြန်လာတဲ့ မောင် ဟာအလွန်ဆွဲဆောင်မူ့ ရှိလွန်းသည်။ မောင့်ရဲ့ပြုံးလိုက်တိုင်း လူကိုဆွဲဆောင်နေသည့် ပါးချိုင့်လေးတွေက ချစ်စရာကောင်းလွန်းနေပြန်တယ်။ နှုတ်ခမ်းလေးအောက်တွင် လှပစွာ ရှိနေသည့် မှည့်နက်လေးကြောင့် စိတ်မထိန်းနိုင်စွာနဲ့ မောင့် နှုတ်ခမ်းအောက်က မှည့်လေးကို အနမ်းပေးလိုက်မိသည်။ သူရဲ့ အနမ်းကိုတောင် သတိမထားမိဘူး ထင်ပါရဲ့ မောင့် ရဲ့ အပြုံးတွေက တဖြေးဖြေးနဲ့ ပျောက်ကွယ်နေပီ ဖြစ်သည်။ စိုးရိမ်စိတ်နဲ့အတူ မေးခွန်းထုတ်မိ၏။

"မောင် ဘာဖြစ်လို့လဲ ဟင် !

"ဘာမှ မဖြစ်ပါ ဘူး.....

တိမ်ဝင်သွားသည့် မောင့် အသံလေးကြောင့် စိတ်ထဲ တစ်မျိုးကြီးခံစားလာရသည်။ အနောက်မှ သိုင်းဖက်ထားသည့် မောင့်ကို ကြည့်မိတော့.....

"နေမကောင်းဘူးလား မောင့် ကိုယ်က နွေးနေသလိုပဲ

အားနည်း၍ ဖြူဖျော့နေသည့် မောင့်မျက်နှာလေးဟာ နွမ်းလျှ နေတာတောင် ချောမောမူ့က မှေးမှိန်သွားခြင်းမရှိ။
မောင့်ရဲ့ ချောမောသည့် မျက်နှာလေးကို သူ့လက် သေးသေးလေးတွေနှင့် အုပ်ကိုင်ကာ အပြောနဲ့အတူ မောင် နှဖူးပြင်လေးပေါ်သို့ လက်လေးတင်ကာ စမ်းသပ်ကြည့်မိတော့
သူရဲ့ လက်လေးပေါ် မောင့်ရဲ့ လက်တစ်ဖက်ကပြနါလည်အုပ်ကိုင်လာပီး.......

"ကောင်းပါတယ် မင်က မောင့် ကိုပစ်ထားလို့ လွမ်းနာကျနေတာ

"ပိုပီ မင် တကယ်စိတ်ပူသွားတာ

"အင်းပါ မောင်က ချစ်လို့စတာ မောင်နေကောင်းပါတယ်

"အင်း

မောင် ပြောမှ သတိရမိသည်။ ဂျူတီတွေ ဆက်တိုက်ဆင်းနေရတာကြောင့် မောင့်ကို ဒီရက်တွေဂရုမစိုက်နိုင်ပဲ ပစ်ထားမိတာ။ အခုချိန် မင့် ကို မောင် လိုအပ်နေတာကို မသိပဲ အလုပ်ကို ဦးစားပေးခဲ့မိပြန်တယ်။ မောင့်ကို အားလည်းနာသည်။ မောင် ဟာသူ့လိုတစ်ကောင်ကြွက် တစ်ယောက်ထဲ သမားမို့ အထီးကျန်မူ့ကို သူ့ထက်ပိုကြောက်သူဆိုတာ မေ့သွားခဲ့တယ်။ သူလဲ မောင် နှင့် ထိုနည်းတူစွာပင်။

နွေးထွေးသော မောင့်ရင်ခွင်ဝယ် 💔 ( Completed ) Where stories live. Discover now