အပိုင်း ၅

420 24 1
                                    


နောက်တစ်နေ့တွင်တော့ ဂျီမင်'တစ်ယောက် ကောင်လေးဆီသို့ ရောက်အောင်သွားခဲ့သည်။

ထိုညကနှစ်ယောက်သား စကားတွေပြောဖစ်ခဲ့ကြပေမဲ့   ဒီကောင်လေးဘယ်မှာနေပီး ဘာလုပ်လဲဆိုတာ  ဂျီမင်' သေချာမသိခဲ့ပါ။ မသိဆို ကိုယ်လဲမမေးမိသလို သူကလဲ ကိုယ့်ကိုပြောမပြခဲ့ပါ။ ဘဝကြောင်းတစ်ချို့သာ ပြောပြဖြစ်ခဲ့တာ။ သူများအကြောင်းကို အဲ့လောက် ခရေစိတွင်းကျတော့ ဂျီမင်လဲ မမေးချင်ပါ။  နှစ်ယောက်သား ဆက်ဆံရေးက ခင်မင်တဲ့မိတ်ဆွေအဆင့်မှာသာရှိသေးတာကြောင့် တစ်ယောက်အပေါ်တစ်ယောက် respect တော့ထားသင့်သည်မို့လား။

ကောင်လေးရဲ့ တစ်ချို့အကြောင်းလေးတွေကိုတော့ အဖွား'ပြောပြသလောက်သာ ဂျီမင် သိထားသည်။
အဖွား' မြေးမလေး မီးငယ်' ကို စာသင်ပေးတဲ့ သာမာန်ကျောင်းဆရာလေးဖြစ်တဲ့ အပြင် သူတို့မြေးဖွားအပေါ်လဲ ကူညီပေးသည်တဲ့လေ။ သူစိတ်ထားလေး ဖြူစင်သည်ကိုတော့ ဂျီမင်' လက်ခံပါသည်။ အခုလဲ အဖွားပေးခဲ့တဲ့ address လေးအတိုင်း မေးမြန်းလာလိုက်တာ ခြံကြီးတစ်ခြံရှေ့ရောက်တော့...ထင်မှတ်မထားသည့် မြင်ကွင်းတစ်ခုကြောင့် အံ့အားသင့်မိ၏။

နှစ်ထပ်တိုက် မိုးပြာရောင်လေးက ခြံဝန်းကြီးအလည်မှာ တင်"တယ်" တည်ရှိနေသည်။
ပေ 40 \ 50 လောက်ထိကျယ်ဝန်းသည့် ခြံဝန်းထဲမှာလဲ လှပသည့် ပန်းမျိုးစုံများကလဲ ဖူးပွင့်‌ နေသည်။  ပြာလဲ့‌ေနသည့် ရေကြည်လေးများကို ခြံရံထားသည့် ရေကူးကန်ကြီးကလဲ လှပလွန်း၏။ အံဩမူ့အပြည့်နှင့် ဂျီမင်' ခဏတာမင်သက်'နေမိတယ်။ သူထင်ခဲ့တာက ဂျောင်ကု' ဆိုသည့်ကောင်လေးဟာ သာမန် ကျောင်ဆရာလေး တစ်ဦးအဖြစ်သာ ဂျီမင် သိထားသည်မို့ ဒီလောက်ထိလဲ မထင်ထားခဲ့တာကြောင့် အံ‌ဩနေမိတာ။

အမှန်ဆို ဒီကောင်လေးက သူ့မိဘတွေရဲ့ အမွေးအနှစ်'နဲ့တင် တစ်သက်စာအလုပ်မလုပ်ပဲ ထိုင်စားလို့ရနေတဲ့ သူဌေးလေးဖြစ်နေတာပဲ။ ဂျီမင်အဖြေရှာမရတဲ့ ကိစ္စရပ်တစ်ခုလဲ ရှိနေသေးသည်။ ဒါက အခုလိုပြည့်စုံနေပီးသား လူတစ်ယောက်က ဘာလို့  ဒီကျောင်းဆရာအလုပ်ကို လုပ်ကိုင်နေရတာလဲ။  သူ' ဝါသနာလား။ အဖွားပြောပြထားသလောက်ဆိုရင် သူကျောင်းဆရာအလုပ်ကို လုပ်ကိုင်နေတာဟာ စီပွားဖြစ် အသက်မွေးဝမ်းကြောင်းအတွက် ရည်ရွယ်တာ မဟုတ်ပဲ မိဘမဲ့ ကလေးငယ်လေးတွေအတွက်လား။ ဒါအမှန်သာဖြစ်နေခဲ့ရင် ကိုယ့်ထက်ဘယ်လောက်ပဲ ငယ်ရွယ်နေပါစေ ဂျီမင် ဒီကောင်လေးကို မချီးကျူးပဲ မနေနိုင်တော့ပါ။ သူ့ရဲ့ပရဟိတစိတ်ဓာတ်လေးကို ဂျီမင် လေးစားမိ၏။ ဂျီမင် သူ့အကြောင်းတွေကို ပိုသိချင်လာမိတယ်။

နွေးထွေးသော မောင့်ရင်ခွင်ဝယ် 💔 ( Completed ) Where stories live. Discover now