အပိုင်း ၂၇

414 14 2
                                    


"မောင် ဒီနေ့ မင် မောင့်အတွက် အလှူတန်းတွေလုပ်ခဲ့တယ်သိလား

ကျတော် မောင်ရဲ့ အုတ်ဂူလေးဆီသို့ ထက်ရောက်ရှိလာခြင်းဖြစ်သည်။ ပြောင်းလဲမသွားသည့် အုတ်ဂူလေးထက်က လေးထောင့်မှန်ဘောင်လေးထဲ အပြုံးမပျက် တည်ရှိနေတဲ့ မောင်ရဲ့မျက်နှာလေးဟာ အရင်တုန်းကလို ချောပီး ခန့်နေတုန်းပင်။

"မင် မောင့်ကို လွမ်းလို့ပြန်လာပီလေ ဟင့့်!!

ညနေခင်းရဲ့ ဆည်းဆာလေးနဲ့အတူ မောင့်ကိုလွမ်းသည့် အလွမ်းတို့က ဂျီမင် ရင်ထဲထိုးပေါက်ဝင်ရောက်လာခဲ့၏။ မောင်ဆီလာတဲ့ အချိန်တိုင်း ကျတော့်ကို အဖော်ပြုရင်းပါလာတက်သည့် မျက်ရည်ဥတို့က ပြောစရာမလိုအောင် အလိုက်သိကြသည်။ ထိုမျက်ရည်ဥတို့က ပါးပြင်ထက်သို့ ကျရောက်ရန်လဲ မေ့လျော့နေခြင်းမရှိ။ မောင့်ကို လွမ်းတဲ့စိတ်ကြောင့် ငိုကြွေးရပြန်ပါပီ။

"လွမ်းတယ် မောင်ရယ် အချိန်တွေကိုသာ နောက်ပြန်ရစ်ပစ်လို့ရရင် သိပ်ကောင်းမှာပဲ ဟင့့်!!

ပြောရင်းကျလာသည့်မျက်ရည်စတစ်ချို့ကိုသုတ်ရင်း မောင့်အုတ်ဂူလေးကို သန့်ရှင်းရေးလုပ်ပေးသည်။ မောင့်အုတ်ဂူလေးနားမှာ ထိုင်ပီး မောင်နဲ့အတူ စကားတွေပြောရင်းအချိန်တွေကုန်ဆုံးသည်။ အရင်ချိန်တွေကို ‌တမ်းတရင်း မင် မောင်အပေါ် တင်ခဲ့သည့် အကြွေးတွေကို အတိုးချပေးဆပ်နေခဲ့မိ၏။

ဒီရက်တွေမှာ ဂျီမင် ကျန်ရှိနေတဲ့ဘဝအတွက် မောင့်မှာခြွေခဲ့သည့် စကားများကို နားထောင်ပီး နေထိုင်ခဲ့သည်။ မောင့်မရှိတော့တဲ့ အချိန်တွေမှာ နေ့ရက်တိုင်းက ကြာရှည်စွာ။ မောင့်အတွက် ကုသိုလ်များစွာပြုလုပ်ပေးခဲ့၏။ မောင်နဲ့ အမှတ်တရများစွာရှိခဲ့ဖူးသည့် မောင့်ရဲ့ အိမ်လေးကို ဖြိုကျပီး ခြံဝန်းကြီးထဲ မိဘမဲ့ကလေးတွေအတွက် ဂေဟာလေးတစ်ခု စောက်လုပ်လှူဒါန်းခဲ့သည်။ ထိုလုပ်ရပ်ကို မင် နောင်တမရပါ။ အဟောင်းတွေကို အသစ်ပြန်မဖြစ်စေချင်တော့တာကြောင့် ဖြစ်သည်။ ဘာလို့ဆို မောင်လဲ မင့်လုပ်ရပ်ကို ပီတိဖြစ်နေမှာကို သိနေလိုပင်။ ဒါပေမဲ့ မောင်အပေါ်ထားခဲ့သည့် မင့် အချစ်တွေကတော့ တသက်တာဖြစ်၏။ ‌မင့်အချစ်တွေက မောင့်အပေါ်ထာဝရဖြစ်တည်ခဲ့သည်။ မင် နှလုံးလေးဟာလဲ မောင်နဲ့အတူ သေဆုံးသွားခဲ့ပီ။ ဂျီမင် အတွက်နှစ်ယောက်ရှိတဲ့ လူသားဟာ ဂျွန်ဂျောင်ကုဆိုသည့် အူကြောင်ကြောင်ကောင်လေးအပြင် မရှိတော့ပေ။
မင်ရဲ့ ချစ်တက်တဲ့ နှလုံးသားအစုံကို မောင်နဲ့အတူ ထာဝရမြှုတ်နှံခဲ့လိုက်သည်။

နွေးထွေးသော မောင့်ရင်ခွင်ဝယ် 💔 ( Completed ) Where stories live. Discover now