အပိုင်း ၁၈

275 16 1
                                    


မနက်လင်း ရောင်ကြည်တန်းလေးက အခန်းတွင်းချဲ့ထွင်းကာ နေရာယူနှင့်နေလေပီ။ ‌ကျတော် ရင်ခွင်ထဲ နှစ်ကြိုက်စွာ အိပ်မောကျ‌နေသူလေးက အခုထိမနိုးသေး။ ဂျောင်ကုကတော့ သူလေးရဲ့ အငြိမ်မနေမူ့ကြောင့် စောစီးစွာနိုးလားခဲ့ခြင်းဖြစ်သည်။ စောင်ကိုပတ်ပီး ရင်ခွင်ထဲသူ့စိတ်ကြိုက်ပုံစံမျိုးစုံနဲ့ အိပ်နေလိုက်တာ ပုစွန်ထုပ်လေးပမာ ကွေး"လေး။ အိပ်နေတာတောင် ချစ်ဖို့နေချက်က  ဘယ်ဘဝကကုသိုလ်တွေကြောင်လဲ မသိပေ။ ဒါပေမဲ့ ထိုအနှီးလူသားလေးကို ပိုင်ဆိုင်ထားရတဲ့ ဂျောင်ကုတို့ကတော့ ကိုယ့်ကိုယ်ကို ဂုဏ်ယူမဆုံးပေါ့။

"အိပ်နေတာက ချစ်ဖို့ကောင်းချက်! တကယ် လူကို ရူးအောင်လုပ်နေတာလားကွာ !

ဂျောင်ကု အသည်းယားလွန်းတာကြောင့် ဂျီမင် မို့ဖောင်းနေတဲ့ ပါးနှစ်ဖက်ကို ဖိညှစ်ပစ်လိုက်မိသည်။

"မင် ထာတော့လေ

"ဟင်! အင်းးး

ကိုယ်လုပ်ရက်ကြောင့် ချစ်ရသူလေးက နိုးမလာတဲ့အပြင် အင်း၊အဲ လုပ်ကာပြန်အိပ်သွား သူလေးက ချစ်စရာအတိ။
ဂျောင်ကုလဲ ဆက်မနှိုးတော့ပဲ သူလေးနိုးလာတဲ့အထိ စောင့်နေပေးလိုက်တော့သည်။

မျက်နှာနုနုထက်သို့ ကျရောက်နှင့်သည့် ရောင်ကြည်တန်းလေးကို လက်ဖြင့်ကွယ်ပေးထားမိသေးသည်။ ချစ်ရသူလေးကိုကြည့်ရင်း မှဲ့နက်လေးတွန့်ကျိုးသည်အထိအပြုံးတစ်ပွင့်ဖန်းဆင်းလိုက်သည်။ ပီးမှ အိပ်နေသူကို သေချာစိုက်ကြည့်မိတော့ အိပ်နေတာတောင် ဘာကိုအလိုမကျနေတာလဲမသိ နှုတ်ခမ်းကလဲ ဆူထွက်နေသည်။

ထိုလူသားလေးရဲ့ နှုတ်ခမ်း ဖူးဖူးလေးက ဂျောင်ကုရဲ့ သမာတိစွမ်းရည်အား ထိုးဆွပေးနေသယောင်။ ဂျောင်ကု စိတ်မထိန်းစွာ ချစ်ရသူလေးရဲ့ နှုတ်ခမ်းဖူး"လေးနုနုညံ့ညံ့လေး ငုံထွေးလိုက်မိသည်။

"ပြွတ်စ်!

ကျတော့် အနမ်းက သူလေးနိုးဖို့ ထိရောက်မည်မထင်။ လှုပ်တောင်မလှုပ်သူရယ်ပါ။ တကယ် အအိပ်ပုတ်ချက်ကတော့ လူကောင်နဲ့တောင် မလိုက်ဘူး။ ညက ကိုယ့်ကြောင့် သူလေးတစ်ညလုံး ပင်ပန်းခဲ့ရသည်မဟုတ်လား။
ဖြူနုနုလေးမို့ ညက သူနမ်းထားတဲ့အနီကွက်များကလဲ ညှပ်ရိုးဖွေးဖွေးနှင့် လည်တိုင်‌ေဖွး‌ေဖွး‌ေလး‌ေတွထက်နေရာအပြည့်ယူထားပုံက ထင်းလို့။ ကိုက်ခဲထားသည့်တစ်ချို့အကွက်တွေက သွေးတောင်ဆို့နေသည်။

နွေးထွေးသော မောင့်ရင်ခွင်ဝယ် 💔 ( Completed ) Where stories live. Discover now