အပိုင်း ၂၅

323 15 5
                                    


"မောင် မင်ပြန်လာပီလေ မင့်ပြန်လာတဲ့အထိ စောင့်နေမှာပါဆို ဟင့့်!

ရှေ့နေကြီးရဲ့ ကျေးဇူးနဲ့ မောင့်အုတ်ဂူလေးရှိရာသို့ ကိုယ်တိုင်ရောက်ရှိနေခြင်းဖြစ်သည်။

မောင့်ရဲ့ အုတ်ဂူလေးကိုမြင်တော့ ရင်ထဲလှိုင်ဖို့လာသည့် ခံစားချက်ကသေလောက်အောင်နာကျင်ရ၏။ ဝမ်းနည်းလွန်းလို့ ရင်ဘက်အတွင်းက နှလုံးသားများကြေမွသွားသည့်အလား။ မောင် လောကကြီးထဲထာဝရနှုတ်ဆက်ထွက်ခွာသွားပီလို့ ဦးသူရမောင်၏စကားကို ကျတော်ယုံကြည်ဖို့ခဲရင်းခဲ့ပေမဲ့ အခုမြင်နေရတဲ့ မောင့်ရဲ့ အုတ်ဂူလေးကြောင့် လက်မခံချင်လဲ ကျတော် လက်ခံရတော့မည်။

"မောင် မင့်ကိုတကယ်နှုတ်ဆက်သွားပီပေါ့ ဟုတ်လား မောင် ဟင့့်!!

မောင်က ကျတော် ဘာတွေပဲပြောပြောငြိမ်သက်နေမြဲ။ဓာတ်ပုံထဲက ကောင်ငယ်လေးဟာ အသက်မဲ့စွာ ပြုံးနေဆဲပါ။ အဖြစ်အပျက်တွေက မြန်ဆန်လွန်းတာကြောင့် ဂျီမင် လက်မခံနိုင်ဖြစ်ခဲ့တာ။ အခုတော့ မောင်ရဲ့ အုတ်ဂူလေးအရှေ့တွင် ရှုံးပွဲချ‌ငိုကြွေးနေရပီ။

"မင့်ကို စကားပြန်မပြောနိုင်လောက်အောင် မုန်းနေပီလား မောင်ရယ် ဟင့့်!!
ဟီးးး!! ဟင့့်!!

မောင့်ရဲ့ အုတ်ဂူရှေ့တွင် အရူးတစ်ယောက်လို ငိုကြွေးမိရင်း အသက်မဲ့နေတဲ့ မောင်ရဲ့ ရုပ်ပုံလေးကိုသာ ‌ထင်ရာတွေပြောနေမိ၏။

ပြန်ရောက်တဲ့နေ့က ရှေ့နေကြီးရဲ့ ကျေးဇူးကြောင့် Dr ဦးသူရမောင်နဲ့ ဂျီမင် တွေ့ဖြစ်ခဲ့ကြသည်။ အကြောင်းစုံ အားလုံးသိခဲ့ပီးပါပီ။ မောင် လောကကြီးကို ထာဝရနှုတ်ဆက်သွားပီဆိုတာ သိပေမဲ့ လက်ခံဖို့ ခဲ‌ရင်းနေခဲ့၏။ နှစ်နှစ်တောင်ကျော်ပီဖြစ်တဲ့ မောင်ရဲ့မိုးပြာအုတ်ဂူလေးဟာ သစ်လွင်နေမြဲပါ သစ်ရွက်ခြောက်လေးတစ်ချို့ တင်နေယုံကလွဲလို့။

"မောင်နဲ့ စကားတွေ အများကြီးပြောစရာရှိတယ်။ အိပ်မနေပါနဲ့လား မောင်ရယ် မင့်ကိုထကြည့်ပါအုံး ဟင့့်!!

သုံးနှစ်ဆိုတဲ့ အချိန်ကာလကြီးကို မောင့်ရှိ နေပါတယ်ဆိုတဲ့အသိစိတ်နဲ့ ဂျီမင် နေထိုင်ခဲ့ရတာ။ လွယ်လွယ်နဲ့မယုံကြည်နိုင်တာ မဆန်းပါ။ ကျတော်စောစီးစွာကြိုသိခဲ့ရင် အခုလိုဝမ်းနည်းစရာအဖြစ်မျိုးကြုံခဲ့ရင်တောင် မောင့်နားမှာ နေပီး မောင့်ရဲ့နာကျင်မူ့၊ ဝမ်းနည်းမူ့တွေကို မောင်နဲ့အတူ မျှဝေခံစားနေမိမှာ။ ပြန်တွေတိုင်း နောင်တတွေတစ်ပွေ့တစ်ပိုက်ဖြင့် ကျတော် ရင်နာလို့မဆုံးဘူး။

နွေးထွေးသော မောင့်ရင်ခွင်ဝယ် 💔 ( Completed ) Where stories live. Discover now