အပိုင်း ၁၉

260 13 2
                                    

2 week..

အချိန်တွေ တဖြေးဖြေးကုန်ဆုံးလာတာ ကြာသလိုပင်။

အချိန်စက်ဝိုင်းကြီး ပုံမှန်လည်ပတ်နေပေမဲ့ ဂျီမင် အတွက်တော့ နေ့ရက်တိုင်း မောင့်ကို လွမ်းတဲ့စိတ်နဲ့သာ ဖြတ်သန်းနေရသည်။
နေရာသစ်၊ အိမ်သစ် ၊ ပတ်ဝန်းကျင်သစ်နဲ့ နေသားမကျသေးတဲ့ ဂျီမင်တွက် မောင့် အငွေ့သက်များနဲ့ ကင်းဝေးနေခဲ့တာ အခုဆို ၂ပတ်တောင်ပြည့်လို့လာပီ။
မောင် အဆင်မှပြေရဲ့လား မသိ။

၂ ပတ်ဆိုတဲ့ အချိန်ကာလအတွင်း မောင့်ရဲ့နွေးထွေးဆုံး အနမ်းတွေနဲ့ ယုယမူ့တွေကို လွမ်းလှပီ။
မပြောင်းလဲသေးတာက မင် မောင့်အပေါ်ထားတဲ့ အချစ်တွေသာ။
မောင့် အသံလေးကို ကြားချင်လို့ ဖုန်းဆက်တော့ မကိုင်။
စရောက်တဲ့နေ့က တစ်ညလုံး အလွမ်းသယ်ရင်း စကားတွေပြောဖြစ်ခဲ့ပေမဲ့ နောက်ရက်တွေ မောင့်ဆီဆက်သွယ်၍မရပါ။ စိုးရိမ်ပူပန်စိတ်က နေမထိထိုင်မသာ။
မောင်ဟာ ခံစားချက်ကို ထုတ်ပေါ်မပြတက်တဲ့ လူစားမျိုးမို့
ပို၍ ဆိုးသည်။

မောင်နဲ့ ခွဲခွာရတာ ဂျီမင် အတွက်လဲအဆင်ပြေမနေပါ။ မောင့်ကိုလွမ်းလို့ ‌ငိုခဲ့ရတဲ့ ရက်တွေမှလဲ မရေတွက်နိုင်။

"အရမ်းလွမ်းတယ် မောင်ရယ် အရင်လို မောင်ရဲ့ယယမူ့တွေ၊ ဂရုစိုက်မူ့တွေ၊ မောင့်ရဲ့ အနမ်းတွေ မင် လွမ်းလှပီ။
မောင်ကရော လွမ်းနေရဲ့လား

တစ်ချို့နေ့ရက်တွေဆို မောင့်ကိုလွမ်းစိတ်နဲ့ ငိုခဲ့ပေမဲ့ တစ်ခါတလေကျတော့ စာတွေထဲအာရုံစိုက်ကာ မောင့်ကို လွမ်းတဲ့အလွမ်း‌ေတွကိုမေ့ပစ်ရသည်။

ဦးမောင်နဲ့လဲ စရောက်တဲ့နေ့ပဲ ဂျီမင် မြင်လိုက်ရသည်။Newyork ကသူ့အလုပ်‌ေတွကို ပစ်ထားခဲ့ရသည်မို့ မအားပါ။ ဖေဖေ့ သတင်းကိုကြားကြားချင် စိတ်မကောင်းဖစ်၍ သူ့မှာ အပစ်ရှိသလိုခံစားနေရသည်။ အခုမှ ရောက်လာမိသည်အတွက်လဲ စိတ်မကောင်းပါ။

တူ တူ.............📱📱📱

ကုတင်ဘေးက Table ပေါ်တွင် တင်ထားသော Phone Ring Tone သံကြားတော့မှ ဂျီမင် နိုးလာခဲ့သည်။

အရင်က ဂျီမင် ဟာအအိပ်စက်သူတော့မဟုတ်ပါ။ မောင့် အနားမှာရှိတုန်းကလို အချိန်တိုင်းသတိပေးမဲ့ သူရှိမ‌နေတာကြောင့် ဘာပဲ လုပ်လုပ် သတိကြီးစွာထားနေရပီ။
အခုချိန်ထိလဲ မောင့် ဆီကဆက်သွယ်လာမဲ့ Phone call လေးကို ကျတော် မျော်နေမိတုန်းပါ။ ဘာမှအသိမပေးပါပဲ အဆက်သွယ်ဖြတ်သွားခဲ့တာကိုစိတ်မဆိုးမိပေမဲ့ မင် မောင့်ကို စိတ်ပူမိသည်။

နွေးထွေးသော မောင့်ရင်ခွင်ဝယ် 💔 ( Completed ) Where stories live. Discover now