Part-1🌸

3.1K 27 0
                                    

အချစ်လှိုင်း 🌷❤️

အပိုင်း (၁)

"ကလေးကိုတော့ မဖျက်ချပါနဲ့
ကို တာဝန်ယူပါ့မယ်..."

"တော်ပြီ ကိုထက် ဒီကလေးကို ဆူး မလိုချင်ဘူး"

"ကိုတောင်းပန်ပါတယ် ဆူး ရယ် ကလေးကို ဘာမှမလုပ်ပါနဲ့နော်"

"ဒီကလေးကို ဖျက်ချပစ်မှာ
ဒီကလေးက ဆူး ရဲ့ ဘဝတက်လမ်းကိုဖျက်စီးမဲ့ကလေး"

*အမရာဆူး* ဆိုတဲ့ ကောင်မလေးကို
*သုတထက်အောင်* သေချာစိုက်ကြည့်နေမိပြီး
​ဖြေသိမ့်ပေးနိုင်မဲ့နည်းလမ်းကိုလိုက်ရှာနေမိသည်...

တကယ်တော့ သူမှားခဲ့တာ...
အရာအားလုံး သူ့ကြောင့်ဖြစ်ရတာ...

❤️❤️❤️❤️

"ကျွန်တော် စာသင်ချင်တယ်လို့ ပြောတာကို
မာမီက ဘာလို့ သဘောမတူနိုင်ရတာလဲ"

"သင်ချင်တယ်ဆိုသင်လို့ပြောပြီးပြီဘဲ"

"မာမီက အမျိုးမျိုးဘဲဗျာ"

မနေ့တုန်းကတင် သူခွင့်တောင်းတော့
မသင်ပါနဲ့ လို့ အတင်းငြင်းခဲ့ပြီး
အခုကျ သင်ပါဆိုပြီးပြောနေလေရဲ့....

"ဒါပေမယ့်..."

သိပြီးသား...အဲ့လို နောက်ဆက်တွဲရှိမယ်ဆိုတာ...

"ပြော ကြည့်..."

"မာမီ့ သူငယ်ချင်းရဲ့ သမီး ကို တော့ သီးသန့်သင်ပေးရမယ်"

"ဘယ်သူလဲ မာမီ"

"အဲ့တာတော့သား မြင်ရင်သိမှာပေါ့"

"မာမီရာ ပြောစရာရှိရင် ပြောလိုက်တာမဟုတ်ဘူး
ဟိုရွေ့ ဒီရွေ့နဲ့"

"ဘာလို့အဲ့လောက်စာသင်ချင်နေရတာလဲ သားထက်"

ဒယ်ဒီကပါ ပါလာလေပြီ...
ဆေးကျောင်းပြီးထားတဲ့သားဖြစ်သူက
လုပ်ငန်းထဲ မဝင်သေးဘဲ
စာသင်ချင်တယ် ပြောလာတော့ဘယ်မိဘမဆို
စိတ်မသိုးမသန့်တော့ဖြစ်မိမှာဘဲလေ...

"လုပ်ငန်းထဲ မဝင်ခင်လေးပါ ဒယ်ဒီ
ကျွန်တော် တစ်နှစ်လောက်ဘဲ သင်မှာ"

"အေ့ မင်းသင်တာကိုငါခွင့်ပြုပါတယ်
ဒါပေမယ့် ဘာကြောင့် သင်ချင်တာလဲလို့ မေးတာ"

အချစ်လှိုင်း အတွဲ (၁) (Complete)Where stories live. Discover now