အပိုင်း (၂၁)

3.4K 55 0
                                    

အပြန်လမ်းတစ်လမ်းလုံး မဒီ အ​တွေး​တွေနဲ့ ရင်ထဲကဗ​လောင်ဆူမှု​တွေ​ကြောင့် အရမ်းမွန်းကြပ်​နေသည်။ သူ​ဖြေသိမ့်ဖို့တစ်ခုခုလိုအပ်​နေတယ်ဆိုတာကိုသိလိုက်တာ​ကြောင့် အနီးအနားက ဘား တစ်မှာ ကားထိုးပြီး အရက်ပြင်း​တွေကိုထိုင်​သောက်​နေမိသည်

"ဒီအရက်ပုလင်းကုန်သွားလို့ သူနဲ့​တွေ့ခဲ့တဲ့မှတ်ဥာဏ်​တွေ​ပျောက်ဆုံးသွားရင်​ကောင်းမှာပဲ...no no no no...သူနဲ့မ​တွေ့​သေးခင်အချိန်​ရောက်သွားချင်တယ်...မဟုတ်​​သေးဘူး သူဘယ်သူ့ကိုမှမချစ်မိ​သေးတဲ့အချိန်ကိုအ​ရောက်သွားပြီး သူ့ကိုအပိုင်သိမ်းလိုက်ရမလား"

မဒီအရမ်းမူး​နေပြီဖြစ်သည်

**************************************

မဒီ့ ​ကိုယ်လက်​တွေကိုက်ခဲ​နေပြီး ​​ခေါင်းတွေလည်း ချာချာလည်​အောင်မူး​နောက်​နေတာမို့ ဆက်မအိပ်နိုင်​တော့ ပဲ မျက်လုံးဖွင့်ကြည့်စဥ် သူမရဲ့ အိပ်ခန်းထဲကို​ရောက်​နေသည်
​ဘေးဘီကိုကြည့်​တော့....သူ....စစ်မင်းဟန်...ရိုးရိုးစစ်မင်းဟန်မဟုတ် အင်္ကျီမဝတ်ထားတဲ့စစ်မင်းဟန်ရဲ့​ကျောပြင်ကြီး
သူမကိုယ်သူမကြည့်​​တော့လည်း အဝတ်ဗလာဖြင့်

"ဘာ​တွေဖြစ်ခဲ့ပြန်ပြီလဲ"

တိုးတိုး​လေးပါးစပ်က လွှတ်ထွက်သွား​တော့

"မမှတ်မိဘူးလား"

သူမဖက်ကိုလှည့်လာတဲ့ ထို​ယောကျ်ား

"ဘာမှမမှတ်မိဘူး...မဒီ အရက်ဆိုင်ကိုသွားခဲ့တာပဲမှတ်မိတယ်"

နှုတ်ခမ်း​လေးကိုကိုက်ပြီး ဖြစ်ခဲ့သမျှကို စဥ်းစား​လေးသည်။ သို့​သော်တစ်ခုထွက်မလာပါ။ အသိစိတ်မရှိရ​လောက်​အောင်အထိ အရက်ပြင်း​တွေဘယ်​လောက်​တောင်​သောက်ခဲ့မှန်းကိုမသိ​ပေ

"ဘာ...ဘာ....ဘာ​တွေဖြစ်ခဲ့တာလဲ...မဒီ တို့ထပ်မှားသွားကြတာလား"

လန့်ဖြန့်​နေတဲ့ပုံစံနဲ့ ​စောင်​လေးကိုပိုက်ထားပြီး​ပြော​နေတဲ့ပုံစံ​ကြောင့် စစ် ရယ် မိသည်

"မင်းအတွက်​တော့အမှားဖြစ်နိုင်​ပေမဲ့ ကိုယ့်အတွက်​တော့အမှားမဟုတ်ဘူး"

အပြစ်​အ​ကြွေး (Our Fault)Where stories live. Discover now