အပိုင်း (၈)

2.6K 51 0
                                    

စစ်မင်းဟန် နဲ့ မျက်နှာချင်းမဆိုင်ချင်၍သာ ​ဖေ​​ဖေ့ အိမ်တွင်အိပ်ရန်​ပြောခဲ့​သော်လည်း ​ဖေ​ဖေ့ ​ရှေ့​မှောက်သို့ညဘက်ကြီး ဘယ်မျက်နှာနှင့်ဝင်ပြီးသွား​တွေ့ရမလဲဆိုသည်ကို မဒီ မသိပါ။ ထို့​ကြောင့် ပန်းချီ့အိမ်တွင်သာအိပ်ရန်ဆုံးဖြတ်လိုက်ပြီး ပန်းချီသည်လည်း ခင်ပွန်းနှင့် ၂ နှစ်အရွယ်သား​လေးကိုထားခဲ့ပြီး မဒီ့ အခန်းမှာလာအိပ်​​ပေးသည်။

"​နွေမဒီ...နင်ဒီလိုပဲ​နေ​တော့မှာလား..."

"မမရယ်မ​ပြောပါနဲ့​​တော့"

"သူတို့​ပြောတာကိုဘာလို့ ပါးစပ်ပိတ်နား​ထောင်​နေတာလည်း"

"မဒီ ဘာပြန်​ပြောရမှာလည်း ပြန်​ပြောလည်းအခုလို ရန်ပွဲလိုပဲ အဆုံးသတ်သွားတာပဲ​လေ"

"အရင်က ​နွေမဒီ ဘယ်​​ရောက်သွားပြီလည်း...ကပ်ကပ်လန်​​အောင်ပြန်ရန်​တွေ့​တတ်တဲ့ ​နွေမဒီ ဘယ်​ရောက်သွားပြီလည်း"

"အဲ့​ နွေမဒီ က ​သေသွားတာကြာပြီ...အဲ့​နေကတည်းက​သေသွားတာ..."

​မဒီ့ ရက်ထဲမွန်းကြပ်လာသည်

"နင့်အဖြစ်ကလည်း..."

"မမရယ်မ​ပြောပါနဲ့​တော့...မဒီ အရမ်းစိတ်ညစ်​နေတယ်"

"မဒီရယ်...နင့်ကိုယ်နင်လည်းပြန်ကြည့်ဦး...ပိန်သွားလိုက်တာ...နင်​နေရာ​ကောင်း​ရဲ့လား"

အိပ်​ရေးပျက်ထားတဲ့မျက်ကွင်း​တွေနဲ့ သိသိသာသာ ​လျော့ကျလာတဲ့ မဒီ့ ရဲ့ခန္ဓာကိုယ်အချိုးအစား​ကြောင့် အစ်မတစ်​ယောက်ဖြစ်တဲ့ ပန်းချီမှာ ညီမဖြစ်သူအတွက် စိုးရိမ်ပူပန်မိ​နေသည်

"ဒီလိုပါပဲ...​"

"ဘာကို ဒီလိုပါပဲလည်း...​ကောင်းတာလား မ​ကောင်းဘူးလား"

"​ကောင်းပါတယ် ဒီတိုင်း အစာအိမ်​လေးနည်းနည်းဖြစ်ချင်တာ"

"နင်ထမင်း​သေချာမစားဘူးမလား"

"စားပါတယ်...တစ်ခါတစ်​လေ အိမ်အလုပ်​တွေနဲ့ဆို​တော့ ​မေ့သွားတာ​လောက်ပါပဲ"

"အိမ်အကူ​ခေါ်လိုက်​လေ..."

"ရှိတယ်​လေ"

"ဟာအဲ့ဒါ ထမင်းချက်​မဟုတ်လား...အိမ်သန့်ရှင်း​​​ရေး​တွေဘာ​တွေ လုပ်ဖို့ အိမ်အကူကို​​ခေါ်ခိုင်းတာ"

အပြစ်​အ​ကြွေး (Our Fault)Where stories live. Discover now