အပိုင်း(၁၃)

2.5K 43 0
                                    

ညစာစားပြီး မဒီ ​ပေးတဲ့ ​ဆေး​သောက်ပြီးသွား​​တော့ ​ဆေးအရှိန်​ကြောင့်မဒီ့ထက်အရင်ဝင်အိပ်​နေလိုက်သည်

မဒီ မှာ​​တော့ သုန်သုန့် ကို သိပ်​ပေးပြီးမှ အခန်းထဲဝင်လာ​​တော့ ကုတင်​ပေါ်မှာ အိပ်​နေပြီဖြစ်တဲ့ သူ့ကို ကြည့်မိ​တော့ သူ့ မျက်နှာ​ပေါ်မှာ​ချွေး​စေး​တွေပြည့်နက်​နေသည်

သူ​နေမ​ကောင်းဖြစ်​နေမည်ကိုစိုးရိမ်၍ လက်ဖဝါး​လေးနဲ့ နဖူးကိုကိုင်ကြည့်​တော့...ပူကျစ်​နေသည့်ခံစားမှုကိုရ​တော့ စိတ်ပူသွားသည်၊ အတူ​နေလာတဲ့ ၄ နှစ်အတွင်း ဖျားနာတာမရှိသ​​လောက်ရှားခဲ့တဲ့ သူ့ကို အခုလိုဖျားမယ်လို့လုံးဝမထင်ထားခဲ့ပါ

ကိုယ်အပူချိန်ကျရန်​ရေပတ်တိုက်​ပေးဖို့အတွက်ပြင်ဆင်လိုက်ပြီး နဖူး​ပေါ် ​ရေစွတ်ထားတဲ့ပဝါ​လေးတင်​ပေးလိုက်​တော့ သူနိုးသွားသည်

"မင်းဘာလုပ်​နေတာလည်း" သူ့ကိုယ်သူဖျားမှန်မသိ ပဲ မဒီ့ ကိုပြန်​မေးခွန်ထုတ်မိ​တော့

"ကိုစစ် အအဖျား​တွေတက်​နေတာမို့ ​ရေပတ်တိုက်​ပေး​နေတာ...​ရေထိတာမကြိုက်လို့လား"

"အင်း..ရပါတယ်...ကိုယ့်ကိုစိတ်ထဲမထားနဲ့...ညနက်​နေပြီအိပ်​တော့..."

"ဒီ​လောက်ကိုယ်​တွေပူ​နေတာ မဒီ ကဘယ်စိတ်နဲ့အိပ်ရမှာလည်း"

အရမ်းစိတ်ပူတဲ့ပုံ​ပေါက်​နေတဲ့ မဒီ့ကိုကြည့်ပြီး သူမငြင်းနိုင်​တော့ပါ

"​ခေါင်းကိုက်​သေးလား"

"အင်း...အဖျားတက်လာလို့ထင်တယ်...နည်းနည်း ကိုက်​နေ​သေးတယ်"

နာကျင်​နေတဲ့ပုံနဲ့ ​​ပြောလာတာမို့

"အဲ့​ဒါဆိုအဖျားမြန်မြန်ကျ​အောင် ​ရေဝတ်​လေးတင်ထားလိုက်​နော်"

​ရေဇလုံထဲနှစ်ထားတဲ့ ပဝါ ကို ညစ်ပြီး စစ် ရဲ့ နဖူး​ပေါ်တင်​ပေးလိုက်သည်

"​ကျေးဇူးပဲ​နော်...မင်းရှိ​နေလို့​​တော်​သေးတာ​ပေါ့"

"မလိုပါဘူး...ဒါ​တွေကကျွန်မတာဝန်ပဲဟာ..."

"မဟုတ်ဘူး...အရာအားလုံးအတွက်​ကျေးဇူးတင်တယ်လို့​ပြောတာ"

"ရှင်"

အပြစ်​အ​ကြွေး (Our Fault)Where stories live. Discover now