အပိုင်း (၉)

2.6K 51 0
                                    

တ​နေ့ကညကဖြစ်ပျက်ခဲ့တာ​တွေအတွက် အားနာမိ တာ​ကော၊ ဗိုက်​အောင့်​အောင့်​နေတယ်ဆိုပြီး သုန်သုန် ​ပြောပြတဲ့အရာ​တွေ​​ကြောင့် စစ်မင်းဟန် သူမကို စိတ်ပူ​နေသည်မှာ အမှန်ပါ...သို့​သော် အိမ်ပြန်​ရောက်ကတည်းက သူမ၏ကြည်ကြည်လင်လင် ရှိ​နေ​သည့်ပုံ​စံကြောင့်အနည်းငယ်စိတ်သက်သာရာရ​သော်လည်း သူ့ကိုသူလည်းတာဝန်မ​ကြေသလိုခံစားမိ​သေးသည်

လွန်ခဲ့တဲ့ လ ​တွေမှာ ပြင်သစ်ရှိဆောက်လက်စ ပ​ရောဂျက်​ကြောင့် ပြည်ပခရီးကိုခက်စိပ်စိပ် ထွက်လာရသည့်အပြင် မြန်မာပြည်တွင်ရှိစဥ်အတွင်းလည်း အိမ်ပြန်မအိပ်ဖြစ်တဲ့​နေ​တွေရှိခဲ့တာ​ကြောင့် မဒီ ဘာခံစား​နေရလည်း ဘယ်လို​တွေ​နေ​နေခဲ့သလည်းဆိုတာကို သူ စိတ်မဝင်စားခဲ့မိသည်ကို ပို၍ စိတ်မ​ကောင်းဖြစ်မိသည်

လူ​တွေရဲ့ ဘဝ မှာ အချစ်စစ်နဲ့တွေ့ပြီးရင်​နောက်ထပ်ထပ်မချစ်နိုင်​တော့ဘူး ဆိုတဲ့ စကားအတိုင်း သူ့အဖို့ မဒီ့ ကို ချစ်ဖူးငုံ အစားမချစ်​ပေးနိုင်သည့်အတွက်လည်းသူအားနာမိပြန်သည်။ သို့​ပေမဲ့ မဒီ့ ကိုမချစ်နိုင်ဘူး လို့ဆိုနိုင်ထက် ချစ်ဖို့မကြိုးစားခဲ့လို့ပင်ဖြစ်သည်မဟုတ်လား

"မ​ဒီ..."

မနက်​စော​စော သုန်သုန့် နှင့် စစ် တို့ရဲ့ အဝတ်​တွေကို​လျော်ဖွတ်​နေတဲ့ မဒီ့ ကို​တွေ့​တော့ သူမနားကို သူ ချည်းကပ်လာ​​သည်

"ကိုစစ်...ရုံးမသွားဘူးလား"

"အင်း...ဒီ​နေ့အိမ်က​နေပဲအလုပ်လုပ်မလို့"

"​သြော်...ဒါနဲ့ မဒီ့ ကို​ပြောစရာရှိလို့လား"

အရိပ်အကဲကြည့်မြန်တဲ့ မဒီ့ အဖို့ ထူးထူးဆန်းဆန်း စကားစလာတဲ့ စစ် ဆီ မှာ ​သူမအား ​​​ပြောစရာ​တွေရှိ​နေတယ်ဆိုတာ သူအရိပ်မိသည်

"အင်း...ကိုယ် မင်းအတွက်အိမ်အကူရှာ​ပေးထားတယ်လို့လာ​ပြောတာ"

"အိမ်အကူ...မဒီ မလိုပါဘူး...မ​ခေါ်ပါနဲ့ ပိုက်ဆံပဲအလကားကုန်ပါတယ်"

"မရပါဘူး...အခုလိုအဝတ်​လျော်တာ​တွေ မီးပူတိုက်တာ​တွေက မင်းလုပ်စရာမလိုပါဘူး...ကျန်းမာ​​ရေးပဲဂရုစိုက်...မင်းဗိုက်​အောင့်​အောင့်​နေတယ်မလား..."

အပြစ်​အ​ကြွေး (Our Fault)Where stories live. Discover now