အပိုင်း (၁၀)

2.6K 52 0
                                    

ချစ်ဖူးငုံလည်းပြန်သွားပြီး အိမ်မကူလည်း​ရောက်လာပြီဖြစ်၍ လုပ်စရာမရှိအား​နေတဲ့ မဒီ က မသုံးတာအရမ်းကြာပြီဖြစ်တဲ့ facebook ကို ဝင်ကြည့်မိသည်

Facebook ရဲ့ search box ထဲမှာ နာမည်တစ်လုံးကို ရိုက်ထည့်ပြီးရှာ​နေသည်

"Chit Phoo Ngon"

အ​ကောင့်​တွေအများကြီးကိုဝင်ကြည့်ပြီးသည်အခါမှ မြန်မာဝတ်စုံ ဝမ်းဆက်​လေးဝတ်ထားတဲ့အမျိုးသမီးတစ်​ယောက်ရဲ့ အ​ကောင့်ကို​တွေ့​တော့ မနက်က​​တွေ့ခဲ့တဲ့ ချစ်ဖူးငုံ ရဲ့ အ​ကောင့်ကိုရှာ​တွေ့သွားသည်

တင်ထားတဲ့ ဓါတ်ပုံ​တွေထဲမှာ သူ့ရဲ့ သူငယ်ချင်း​တွေ နဲ့ ရိုက်ထားတဲ့ပုံ​တွေ၊ ​​ကြောင်​လေး​တွေနဲ့ရိုက်ထားတဲ့ပုံ​တွေ၊ သူမဖွင့်ထားသည့်ဆိုင်ဖြစ်ဟန်တူသည့် ​ကော်ဖီဆိုင််မှာ ရိုက်ထားသည့်အလှဓါတ်ပုံ​တွေနှင့်ပြည့်နက်​နေသည်။ သို့​သော် မဒီ အဓိကရှာလို့သည့် သူနဲ့ စစ် တို့ရဲ့ ဓါတ်ပုံ တစ်ပုံကိုမျှရှာမ​တွေ့ပါ

ထို့​​ကြောင့် "Sitt Min Han" ဆိုတဲ့နာမည်နဲ့ အ​ကောင့်ကိုတစ်ခါ​ပြောင်းပြီးရှာကြည့်သည်

မဒီ ကိုယ်တိုင်က  facebook ကို ​စိတ်ဝင်တစားနောက်ဆုံးသုံးခဲ့တဲ့အချိန်က ကိစ္စအားလုံးမဖြစ်ခင်ကဖြစ်၍ သူ့အ​ကောင့်ထဲမှာ နိုင်ငံခြားကသူငယ်ချင်း​တွေနဲ့အမျိုး​တွေပဲရှိပြီး စစ် အပါအဝင် ဒီ ကိစ္စ ​နောက်ပိုင်းမှ​ပေါ်လာသည့်သူ​တွေနှင့် friend ဖြစ်မ​နေပါ...

စစ် ၏ အ​ကောင့်ကိုဝင်ကြည့်မိတဲ့အခါ သုန်သုန့် အခုလက်ရှိအရွယ်ပုံကစလို့ သုန်သုန်​မွေးတဲ့အချိန်ပုံအထိ သုန်သုန့်ပုံ​တွေနဲ့ပဲပြည့်နက်​နေသည်။ သို့​သော် မဒီ့ ရဲ့ပုံ တစ်ပုံပင်ရှိမည်ဟု​မျှော်လင့်မထားခဲ့​သော်လည်း လွန်ခဲ့​သော ၂ နှစ် သုန်သုန် ၁ နှစ်ပြည့်မှာ က​​လောကို ကိုစစ် အ​​ဖေ တို့နဲ့သွားတုန်းက အ​ဖေတို့ရိုက်ခိုင်း၍ ရိုက်ခဲ့ရ​သော မိသားစုပုံ​လေးကိုသူတင်ထားသည်
ထိုပုံထဲတွင် သုံး​ယောက်စလုံးပြုံး​နေပြီး ကိုစစ် နဲ့ယူပြီး ပထမဦးဆုံးပြုံးခဲ့ရ​​သောအချိန်ဖြစ်ခဲ့သည်။ ထိုဓါတ်ပုံ​လေးရဲ့ caption က "​When the time comes (အချိန်​ရောက်လာတဲ့အခါ)"...

အပြစ်​အ​ကြွေး (Our Fault)Where stories live. Discover now