အပိုင်း (၃)

2.9K 52 0
                                    

မြန်မာပြည်ရဲ့ လမ်း​တွေကိုသိပ်မမှတ်မိ​တော့တာ​ကြောင့် google map ရဲ့အကူအညီနဲ့ bar တစ်ခုကို မဒီ​​ရောက်လာခဲ့တယ်

အပြင်မှာမိုး​တွေရွာ​နေ​ပြီး ကားပါကင်မှာလည်းအမိုးမပါတာ​ကြောင့် ကားစီက​နေ bar အ​ပေါက်ဝအထိ မိုး​ရေထဲကကူးလာ​တော့ ဆံပင်​တွေ ဆိုကုန်သည်

တစ်ကိုယ်လုံးမရွှဲ​ပေမဲ့ မိုးမိထားမှန်​တော့ မြင်တဲ့သူတိုင်းသိနိုင်သည်

Bar ထဲ​ရောက်​တော့ bar ​ကောင်တာမှာထိုင်လိုက်ပြီး အရက်မှာလိုက်စဥ်

"အပြင်းစား ၁ ခွက်​ပေးပါ..."

"အပြင်းစား ၁ခွက်​ပေးပါ..."

မဒီနှင့်​ဘေးချင်းကပ်လျက်ခုံမှာထိုင်​နေတဲ့ အမျိုးသားနဲ့ အမှာစာထပ်​နေ​​တော့ တစ်​​​ယောက်ကိုတစ်​ယောက် လှည့်ကြည့်မိသည်

"ကိုစစ်မင်းဟန်..."

"​သြော် ​​​နွေမဒီလား..."

တိုက်တိုက်ဆိုင်ဆိုင် ဒီလို​နေရာမှာသူနဲ့လာဆုံရတယ်လို့ကွယ်

"ဟုတ်တယ် မဒီပါ...ကိုစစ်မင်းဟန် ကဒီမှာဘာလုပ်​နေတာလည်း..."

"မင်းလိုပဲ​ပေါ့ အရက်လာ​သောက်တာ..."

"ဟင်...​မဒီ့အမလွှတ်လိုက်တာ​တော့မဟုတ်ဘူးမလား..."

"ဟင်...ဘာလို့ မပန်းချီကကျွန်​​​တော့်ကိုလွှတ်ရမှာလည်း...ကျွန်​တော့်ဘာသာအရက်​သောက်ချင်လို့လာတာပါ...ဘာဖြစ်လို့လဲ"

"​သြော်...ဘာမှမဖြစ်ပါဘူး ဒီမှာအမှတ်တမဲ့လာ​တွေ့​​တော့ ထူးဆန်း​နေလို့ပါ..."

"​သြော်..."

ထိုအချိန် အရက်​ဖျော်သူက အရက်နှစ်ခွက်ကို တစ်ပြိုင်တည်းချ​ပေး​တော့ နှစ်​ယောက်လုံး တစ်ပြိုင်တည်း ​​​​သောက်ချလိုက်သည်

"ဒီလိုအရက်ပြင်းကို မင်း​သောက်နိုင်တယ်​​ပေါ့..."

"အင်းး...မဒီ ဟိုမှာ​​နေတုန်းကစိတ်ကျတဲ့အခါ​တွေဆို​သောက်ဖြစ်​တော့ အခု​သောက်နိုင်​နေပြီ..."

"ဒါဆို အခုလည်း မင်းကစိတ်ကျ​နေလို့လား"

"မဟုတ်ပါဘူး...ဒီတိုင်း ကိစ္စ​လေး​တွေရှိ​တော့မူးချင်လာလို့..."

အပြစ်​အ​ကြွေး (Our Fault)Where stories live. Discover now