အပိုင်း (၁၄)

2.6K 47 0
                                    

၄ နှစ်တာကာလလုံး သူ့ရဲ့ဇနီးသည်အဖြစ်​နေခဲ့​ပေမဲ့ သူ့ရုံးကို တစ်ခါမျှမလိုက်လာဖူးတာ​ကြောင့် စစ်မင်းဟန် ၏ အမျိုးသမီးမှာ မည်သူမည်ဝါမှန်း ဘယ်သူမှမသိပါ

ရုံး​ရောက်တာနဲ့ ဧည့်ကြို​ကောင်တာမှာ အရင်ဆုံးအခန်းကိုသွား​မေးပြီး အခန်းရှိရာအထပ်ကို ဓါတ်​လှေကားဖြင့်တက်လာခဲ့သည်

တက်လာသည့်လမ်းတစ်​လျှောက်လုံးမှာ လူ​တွေက မဒီ့ ကိုဝိုင်းကြည့်ကြသည်။ မဒီ ဟာ  အရပ်ခတ်မြင့်မြင့် ရှိပြီး ​​ငယ်ငယ်ကတည်းကအားကစားလုပ်ပြီး ခန္ဓာကိုယ်ကိုထိန်းတတ်သူမလို့ ဘောဒီလည်း ​သွယ်လှ ​ကျော့ရှင်းသည် အများနှင့်မတူပဲ လမ်း​လျှောက်သည့် style မှာ မြန်မာအရမ်းမဆန်ပဲ နိုင်ငံခြားဆန်ဆန် ​​​ခြေလှမ်းကြဲကြဲဖြင့်​လျှောက်တတ်​သော​ကြောင့် လူအများမျက်လုံးတွင်ထူးခြား​နေသည်။

စစ်မင်းဟန် ၏အခန်းဘယ်နားရှိလဲဆိုတာ သူမသိ​တော့ ​ဘေးနားကဝန်းထမ်း​တွေကို​မေးမိသည်

"တစိတ်​လောက်ရှင့်...ကိုစစ်မင်းဟန်ရဲ့ရုံးခန်းဘယ်နားမှာလည်းရှင့်"

တစ်ခါမျှမမြင်ဖူး​သော အမျိုးသမီးတစ်​ယောက် က ဒါရိုက်တာ ကိုလာ​မေးတာ​ကြောင့် ​ကြောင်​တောင်​တောင်ဖြစ်​နေ​သော်လည်း အခန်းရှိရာကိုညွှန်​ပေးလိုက်သည်

"​ရှေ့ကိုသွားပြီး ညာဖက်ချိုးလိုက်ရင်​တွေ့တဲ့အခန်းပါပဲရှင့်"

"ဟုတ်​ကျေးဇူးပါပဲ​နော်"

ထိုဝန်ထမ်း ညွန်ပြသည့်အတိုင်း ​လျှောက်သွားလိုက်ပြီး အခန်းတံခါးကို​​ခေါက်လိုက်​တော့

"ဝင်ခဲ့ပါ"

အခန်းထဲက​နေ လှမ်း​အော်လိုက်တဲ့ သူ့ရဲ့အသံကိုကြားတာနဲ့ မဒီ လည်း တံခါးကိုအသာ​လေးဖွင့်ပြီး ဝင်လာ​​တော့

"​သြော်...မဒီ​ တောင်​ရောက်ပြီလား"

မဒီ့ ကို​​တွေ့​တွေ့ချင်း ပြုံးပြီး နှုတ်ဆက်သည်

"ဘယ်လို​နေလည်း...အဖျားကျသွားပြီလား..."

​"အင်း..ကျသွားပြီ...မယုံရင်လာစမ်းကြည့်"

အပြစ်​အ​ကြွေး (Our Fault)Where stories live. Discover now