အပိုင်း (၇)

2.6K 53 0
                                    

စစ်မင်းဟန် ​မောင်းနှင်လာတဲ့ အနက်​ရောင်ကား​လေးက ​အရင်ကအတိုင်း ရင်းနှီးကျွမ်းဝင်​နေတဲ့အိမ်တစ်အိမ်​ရှေ့မှာထိုးရပ်လိုက်ပြီး မဒီ နှင့်အတူ ထိုအိမ်ထဲဝင်လာခဲ့သည်

"ကယ်​ပျောက်​တော်မူမင်းသားကြီး လာပါပြီ...သြော်...မင်းမိန်းမပါပါလာတာလား...မ​ခေါ်လာ​လောက်ဘူးထင်တာ..."

ကိုစစ် နှင့်သက်တူရွယ်တူ ကိုသီဟ ဆိုတဲ့သူရဲ့အသံကိုထိပ်ဆုံးကကြားရသည်

"ငါ​​ခေါ်ခိုင်းလိုက်တာ..."

ဒုတိယသူတစ်​ယောက်​၏အသံက​တော့ ကိုလင်းပင်ဖြစ်သည်

"မဂ်လာပါ ညီမ​လေးမဒီ...မ​တွေ့တာ​တောင်ကြာလို့ ပိန်သွားလိုက်တာ"

"ဟုတ်...နည်းနည်းကျသွားတယ်"

"လာလာ...ဒီမှာလာထိုင်...ပန်းချီလည်းလာ​တော့မယ်​ပြောတယ်...ဒီမှာထိုင်​​စောင့်လိုက်​နော်...စစ် ကို​တော့အိမ်နောက်ကိုခဏ​ခေါ်သွားမယ်​နော်...သူ့ကိုပြစရာ​လေးရှိလို့"

"ဟုတ်..."

စစ်မင်းဟန် လည်း ကိုလင်းတို့​နောက်ပါသွားပြီး မဒီမှာ ဧည့်ခန်းထဲတွင်ထိုင်ကျန်ရစ်ခဲ့သည်

သူမ၏​ဘေးဘီတွင် သူမကို ​မျက်​မှောင်ကြုံ့ကာကြည့်​နေကြသည့် စစ် ၏အမျိုးသမီးသူငယ်ချင်းများရှိ​ပေသည်၊ သူမကိုမုန်း​နေ​သောသူ​တွေမှန်း မဒီ သိသည်ဖြစ်ပြီး မမပန်းချီမ​ရောက်ခင်အချိန်ထိ သူမ​ မတွေ့ချင်တဲ့သူ​တွေနဲ့​ဘယ်လိုဆက်​နေရမလည်းဆိုတာ မဒီ စဥ်းစားလို့ပင်မရပါ

ကိုစစ် တို့သူငယ်ချင်းအုပ်စုက အလယ်တန်း​ကျောင်းသားအရွယ်ကတည်းက​ပေါင်းလာကြတဲ့သူ​တွေဖြစ်ပြီး တစ်​ယောက်နဲ့တစ်​ယောက်အမြဲ​ဖေးကူ​ပေးကြသည်။ ကို​အောင် နဲ့ ကိုလင်း တို့သည် ကိုစစ် တို့ထက် ၃ နှစ်ကြီး တဲ့ စီနီယာ​တွေဖြစ်​​သော်လည်း ကိုစစ် တို့နှင့်တစ်ဖွဲထဲပင်ဖြစ်သည်။ သူတို့အဖွဲ့ထဲမှာ ​ယောကျာ်း​​လေး ၄ ယောက် မိန်းက​လေး ၃ ​​ယောက်ရှိ​ပေမဲ့ အရင်က မိန်းက​လေး ၄ ​ယောက်ရှိခဲ့သည်။ ကျန်တစ်​ယောက်မှာ ချစ်ဖူးငုံ သာဖြစ်သည်။ ချစ်ဖူးငုံ ​နေရာကိုဝင်လာတဲ့ မဒီ့ ကို ကိုစစ် ရဲ့ မိန်းက​လေးအဖြစ်နဲ့မကြည့်​ပေးနိုင်ကြသူများမှာ ချစ်ဖူးငုံ ၏ သူငယ်ချင်များဖြစ်တဲ့ မိန်းက​လေးအဖွဲဝင်များ ဖြစ်သည့် မသင်း၊ မကြာဖူး နှင့် မစံပါယ် တို့ဖြစ်သည်

အပြစ်​အ​ကြွေး (Our Fault)Where stories live. Discover now