Special Extra(Unicode)

2.6K 159 20
                                    

အေစီ၁၀၇လောက်ကတဲ့..။ ထူးဆန်းတဲ့မင်းဆက်တစ်ပါးကို သမိုင်းထဲကနေ ဖျောက်ဖျက်ထားတဲ့အကြောင်းကို ချောင်ကြိုချောင်ကြား သုတေသနလုပ်ရင်း တွေ့ခဲ့တာ..။

မင်းဆက်ရဲ့မျိုးရိုးက ဝမ်မင်းဆက်လို့တော့ပြောတာပဲ..။ ငါးပြည်ထောင်ထိအစိုးရတဲ့ တိုင်းပိုင်ပြည်ပိုင် ဧကရာဇ်တစ်ပါးပေါ့လေ..။

အဲ့ဒီ့ဧကရာဇ်ရဲ့နာမတော် ဝမ်နဲ့တော့စတာပဲ..။ နောက်ကနာမည်ကတော့ ‌ကြာပြီဆိုတော့ ပျက်သွားလို့ မသိရတော့ဘူး..။

ဒါပေမယ့် အဲ့ဒီ့ဝမ်ဧကရာဇ်ရဲ့ထူးခြားချက်က အင်အားကြီးလို့လည်းမဟုတ်ဘူး..။ ငါးပြည်ထောင်ကိုတောင်သိမ်းပိုက်နိုင်တဲ့အထိ တန်ခိုးအာဏာကြီးမားလွန်းလည်းမဟုတ်ဘူး..။

သူ့ရဲ့မိဖုရားခေါင်ကြီးခေါ် ဧကရီက အမျိုးသားတစ်ယောက်ဖြစ်နေလို့ပါတဲ့..။

ဒါပေမယ့် ဝမ်ဧကရာဇ်ကတော့ ဝတ်ရုံလက်ပြတ်ဆိုတဲ့စကားကို မနှစ်သက်ခဲ့ဘူးလားလို့..။

ဘာလို့ဆို သူလက်ဆက်ခဲ့တဲ့ ဧကရီက သူချစ်မြတ်နိုးလို့မှမဟုတ်ဘဲတဲ့လေ..။

ကြားဖူးတာတော့ အဲ့ခေတ်က မင်းမျိုးမင်းနွယ်တွေအတွက် ထုံးတန်းဓလေ့ရှိတယ်ဆိုလားပဲ..။ မင်းဆက်အသစ်နန်းတက်ခါနီးကျရင် မင်းမျိုးမင်းနွယ်ဘုံကျောင်းထဲက ဖူးစာရေးနတ်သမီးရှေ့မှာ ဖူးစာရွေးချယ်ပွဲကျင်းပရတာဆို..။

မင်းမျိုးမင်းနွယ်တွေအပါအဝင် တိုင်းသူပြည်သားတွေကပါ အဲ့နတ်သမီးကို မယ်တော်တစ်ပါးလိုကိုးကွယ်ခဲ့တာဆိုပဲ..။

ပြောရရင်ဖြင့် ဝမ်ဧကရာဇ်ရဲ့ဧကရီကလွဲရင်ပေါ့..။ ဧကရီကတော့ ဖူးစာရေးနတ်သမီးရုပ်ထုကို အသက်မရှိတဲ့မိန်းမရုပ်ထုလို့ ပြောဆိုခဲ့တာဆို..။

ဪ..သမိုင်းထဲက ချောင်ကြိုချောင်းကြားထဲမှာ ဧကရီရဲ့နာမည်ကိုတော့ မှတ်တမ်းတင်ထားတာပဲ..။ ရှောင်းနဲ့တော့စတယ်..။ ဘာတဲ့ 'ရှောင်းကျန့်'ဆိုလားပဲ..။ ဧကရီရဲ့နာမတော်က 'ကျန့်'ဆိုတဲ့ တိုက်ပွဲလို့အမည်ရတဲ့စကားလုံးပါဝင်နေတော့ သူကမင်းကြီးနဲ့အဆင်မပြေတာဒါကြောင့်များလားလို့တောင် တွေးမိသွားသေးတယ်..။

Regret (Complete)Where stories live. Discover now