Extra-3(Zawgi)

801 27 0
                                    

အဝေးဆီက မီးတိုင်လေးတွေ အရောင်လဲ့လို့နေပြီ။

မှိန်ပြပြမီးရောင်အောက်က နတ်သားလေးနဲ့တူတဲ့မင်းဟာဘယ်သူများလဲ။

နူးညံ့တဲ့လေညင်းလေးနဲ့တူတဲ့မင်းက မှော်ဆရာလေးများလား။

ကိုယ့်နှလုံးသားလေးကို တဒိတ်ဒိတ်လှုပ်ခတ်အောင်ပြုစားနိုင်တာ။

မပြည့်ဝခဲ့သောဆန္ဒအချို့အတွက် မိုးနတ်မင်းကိုအရွဲ့တိုက်ကာ မေးခွန်းအချို့မေးလိုက်တယ်။

ဘာကြောင့်များ ကိုယ်တို့ကြားမှ အတ္တတွေနဲ့ မာနတရားတွေလွှမ်မိုးခဲ့သလဲဆိုတာ။

ကိုယ်လည်းလေ မင်းအပေါ်ပေါ်ပေါ်ထင်ထင် ကြင်နာချင်လိုက်တာ။

ပတ္တမြားသွေးအရောင်နဲ့မင်းဟာ ကောင်းကင်ဘုံက နတ်သားကလေးများလား။ကိုယ့်ကို အရူးအမူးဖြစ်အောင် စွဲလမ်းစေခဲ့တာ။

မာနရှိသော ဆယ်ကျော်သက်တစ်ယောက်အနေနဲ့ ကိုယ်ကျိုးအတ္တကိုသာ ဂရုစိုက်မိခဲ့တယ်။

ပြုံးရောင်သန်းနေတဲ့ နတ်သမီး‌ရုပ်ထုရှေ့က ကိုယ်တို့ရဲ့ကတိသစ္စာတွေဟာ မာနတရားကြောင့် ပျက်စီးခဲ့ရတာတဲ့ကွယ်။

တိုင်းပိုင်ပြည်ပိုင် ဧကရာဇ်တစ်ယောက်အနေနဲ့မဟုတ်ဘဲ သာမန်လူတစ်ဦးအနေနဲ့ပဲ မွေးဖွားခဲ့ရင်ကောင်းမယ်။

မင်းရဲ့ရယ်သံလေးကအစ ကိုယ်ပေါ်ပေါ်ထင်ထင်နားထောင်လို့ရတာပေါ့။

ကိုယ်လည်းလေ မင်းရဲ့ဘဝလေးထဲ ပေါ်ပေါ်ထင်ထင်ဝင်လာချင်လိုက်တာ။

အ‌စကနေပြန်စခွင့်သာရမယ်ဆိုရင် ကိုယ့်ရဲ့ဘေးနားမှာ အမြဲရှိနေသူက မင်းဖြစ်ချင်ဖြစ်နေမှာ။

ရေမြေအဆုံးထိ လျှောက်သွားချင်တဲ့မင်းဘေးမှာ ကိုယ်အမြဲအဖော်ပြုပေးနေမှာ။

အဝေးဆီက ငှက်ကလေးတွေ ပျံသန်းသွားကြတယ်။

အတင်းထွက်သွားဖို့ ပြင်နေတဲ့မင်းဟာ ကိုယ့်ဆန္ဒတွေကို လှည့်မကြည့်ခဲ့လေသလား။

ကိုယ့်ခံစားချက်တွေကို နည်းနည်းကလေးတောင်မှ ထည့်မတွက်ဘူးတော့ဘူးလား။

Regret (Complete)Where stories live. Discover now