Part-2(Unicode)

3.1K 307 20
                                    

နေရာအနှံ့ ခြူသံတချွင်ချွင်က လွင့်ပျံ့နေသည်။ မီးရောင်စုံထွန်းညှိထားသည့် ဘုံကျောင်းအတွင်း၌ မိန်းမလှလေးများက ဟိုနားတစ်စု သည်နားတစ်စု..။

စိမ်းကျောက်ရောင်ဝတ်ရုံကိုဆင်မြန်းထားပြီး ပုံမှန်ထက်ပိုမိုခန့်ညားနေသော အိမ်ရှေ့စံမင်းသားဝမ်ရိပေါ်သည် မျက်နှာဖုံးသောဇာပုဝါပါသည့် ဦး‌ထုပ်ကိုဆောင်းထားကာ သူ့ရှေ့ရှိ ဇာပုဝါနှင့်မိန်းမလှလေးအား ငေးမောလျက်ရှိသည်။

ဤနေရာကား ဖူးစားရွေးချယ်ပွဲ..။

ကြေးညှိရောင်တက်နေသော နတ်သမီးရုပ်ထုရှေ့ရှိ ဖူးစားရွေးချယ်ပွဲ..။

ဤဖူးစားရေးနတ်သမီးရှေ့ရှိ ဖူးစားရွေးချယ်ပွဲ..။

မင်းမျိုးနွယ်တွေသာကျင်းပလေ့ရှိသည့် ဖူးစာရွေးချယ်ပွဲ။

စိမ်းလွင်သော ကျောက်စိမ်းသန့်ဖြင့် ပုံသွင်းထားသည့် ကျောက်စိမ်းပြားသည် အသည်းပုံသဏ္ဌာန်ရှိသည်။
ထိုပစ္စည်းအားကိုင်ဆောင်ထားသူက လက်ချောင်းသွယ်များ၏ ပိုင်ရှင်..။

တစ်နည်းအားဖြင့် ဝမ်အိမ်ရှေ့စံ၏အမြင်၌ မိန်းမလှလေးဟု ထင်သူ။

အနှီမိန်းမလှလေးသည် အထဲထိကိုဖောက်၍မမြင်နိုင်သော ဇာပါးပုဝါပါ ဦးထုပ်အဝိုင်းတစ်ခုကိုဆောင်းထားသည်။
ထိုပုဝါသည် ရင်ဘတ်အထိပင် ဖုံးလွှမ်းသည်။

ဇာဦးထုပ်အောက်ရှိ ‌ဝမ်အိမ်ရှေ့စံ၏မျက်နှာသည်ပင် ပြုံးပန်းပွင့်လျက်..။

အနှီမိန်းမပျိုလေးသည် အိမ်ရှေ့စံမင်းသားနှင့် အရပ်ကလေးမတိမ်းမယိမ်းရှိသည်ကလွဲလျှင် သေးသိမ်သောခါးသွယ်သွယ်လေးကအစ အိမ်ရှေ့စံအတွက် အကုန်အဆင်ပြေသည်။

ရုတ်တရက်လေအတိုက်၌ တစ်ခဏတာလှပ်သွားသော ဇာပုဝါကြောင့် ထိုဇာပုဝါအောက်ရှိမျက်နှာလေးအား ဝမ်အိမ်ရှေ့စံတစ်ယောက် အမိအရလိုက်ကြည့်မိသည်။

မြင်လိုက်ရသည်က ကြယ်လိုတောက်ပသည့်မျက်လုံးတစ်ဖက်နှင့် နှုတ်ခမ်းအောက်က မှဲ့နက်လေး..။

တဒိတ်ဒိတ်ခုန်လာသော ဝမ်အိမ်ရှေ့စံမင်းသား၏နှလုံးသားသည် မြင်မြင်ချင်းအချစ်ကို သက်သေပြသည်။

Regret (Complete)Where stories live. Discover now