Part-9(Unicode)

3K 397 92
                                    

"မင်းမရှိရင် လောကကြီးအေးချမ်းသွားမလားလို့.."

ထိုစကားအား အဖန်တလဲလဲနားထဲ၌ ပြန်ကြားယောင်နေသည်မို့ ဧကရီတစ်ယောက် လက်သီးကိုတင်းနေအောင် ဆုပ်လိုက်မိသည်။

အနီရင့်ရောင်ဝတ်စုံအားဆင်မြန်းထားသူ ဧကရီသည် အစိမ်းရောင်သစ်ပင်တွေကြား၌ ထင်းထွက်နေသည်။ တစ်ပေါက်ချင်းစီကျဆင်းနေသည့် မိုးပေါက်လေးများသည် သူ၏ရင်ထဲမှ အပူမီးအားငြိမ်းသွားစေရန် မလုံလောက်ခဲ့ပေ..။

ချစ်သည့်စိတ်နှင့် အတင်းတွယ်ကပ်ခဲ့မိသည်။ သို့သော် သူများအတွက် စိတ်အနှောင့်အယှက်ဖြစ်သွားခဲ့သည်တဲ့..။

ချစ်သည့်စိတ်နှင့် အတင်းကာကွယ်ပေးခဲ့သည်။ သို့သော် သူများက ကိုယ့်အား ကြမ်းတမ်းသော လူသတ်သမားအဖြစ် သတ်မှတ်ခဲ့ပါသတဲ့..။

ချစ်သည့်စိတ်နှင့် အတင်းကရော သူ့ထံကျရောက်မည့် အန္တရာယ်များကို ကြိုတင်ရှင်းလင်းပေးခဲ့သည်။ သို့သော် သူများအတွက် ကိုယ်ပြုလုပ်ခဲ့သမျှက ပြဿနာတွေအဖြစ် ပြောင်းလဲသွားပါသတဲ့..။

ဖွဲရာကနေ သည်းလာသည့် မိုးစက်မိုးပေါက်များ၏အသံသည် ကျယ်လောင်စွာထွက်ပေါ်လာခဲ့သည်။ သူသည်လည်း မိုးရေစက်တွေနှင့်အပြိုင် တဟားဟား အော်ရယ်လိုက်မိရဲ့..။ အင်း..သူအတော်ပင်ပန်းနေလို့ဖြစ်မည်။

အချစ်သည် နက်ရှိုင်းသောအရာဖြစ်သည်။ ချည်းကပ်နည်းသာမှားယွင်းခဲ့မည်ဆိုလျှင် ဆေးကနေ အဆိပ်အတောက်အဖြစ် ပြောင်းလဲသွားနိုင်သည်မျိုး..။

နာကျင်သည်..။ ရင်ဘတ်ကြီးထဲ၌ အပ်ပေါင်းများစွာ ထိုးဖွနေသလိုခံစားရ၏..။ ပင်ပန်းသည်..။ ချစ်ရသူအပေါ် ကြမ်းကြမ်းတမ်းတမ်းဆက်ဆံနေရသည်ကို မုန်းတီးသည်။

ဝမ်းနည်းသည်..။ သူကိုယ့်အပေါ် စကားလုံးကြမ်းတွေနှင့် ဖိနှိပ်ကာဆိုသည့်အခါတိုင်းမှာလေ..။

သိမ်ငယ်သည်..။ တစ်ခါတစ်လေ ရိုက်ချက်ပြင်းသည့် သူ့စကားလေးတွေကြောင့် ကိုယ့်ရင်ထဲမှာ အလဲလဲအပြိုပြိုပါပဲ..။

သူအတ္တကြီးခဲ့မိသည်..။ သူပိုင်ဆိုင်လိုစိတ်ကြီးခဲ့သည်..။ ချစ်ရသူအနားနေဖို့ သူဘာမဆိုလုပ်ခဲ့မိသည်..။ သို့သော် သူမရှိလျှင် လောကကြီးအေးချမ်းသွားမည်ဆိုသော ချစ်ရသူစကားက သူ့တစ်ဘဝလုံးကို ရိုက်ချိုးချလိုက်သည်။

Regret (Complete)Where stories live. Discover now