Extra-5Final(Unicode)

3.4K 278 30
                                    

"ဒါက ဧကရာဇ်အိပ်ဆောင်လေ ကျန့်"

နှစ်ပေါင်းများစွာကြာပြီးနောက် ပြန်လည်ပြုပြင်ခြင်းခံထားရသည်ဟု ယူဆလို့ရသည့် မီးခိုးရောင် အိပ်ဆောင်ကြီးကို လက်ညိုးထိုးလျက်သူဆိုသည်။

ပြည်ပခရီးသွားများအပြင် ပြည်တွင်းခရီးသွားများဖြင့် စည်ကားလျက်ရှိသော ဧကရာဇ်အိပ်ဆောင်သည် ညမိုးချုပ်တာတောင်မှပင် စည်ကားလျက်ရှိသည်။

ရိပေါ်ပြောသမျှအား စိတ်ဝင်တစားနားထောင်လျက်ရှိသော ကျန့်သည် ရိပေါ်ညွှန်သော ဧကရာဇ်အိပ်ဆောင်အား စိတ်ဝင်စားစွာကြည့်ရှုပြန်သည်။

"လာလေကျန့် အထဲကိုဝင်ကြည့်ရအောင်"

ရိပေါ်သည်ကျန့်လက်ကိုဆွဲကာ သစ်စေးသုတ်ထားသည့် အဆောင်တံခါးမှတစ်ဆင့် အထဲသို့ဝင်ရောက်သွားတော့သည်။

LEDမီးသီးများဖြင့် ထိန်လင်းနေသည့် မီးခိုးရောင်အဆောင်ကြီးသည် အတွင်းပိုင်း၌ ဝါကျင့်ကျင့်အရောင်ရှိပြီး အဝါဖျော့ဖျော့လိုက်ကာများဖြင့် အလှဆင်ထားသည်။

မှန်ဘောင်သွင်းထားသော ဧကရာဇ်၏ဝတ်ရုံတော်ရှေ့၌ စူးစမ်းလေ့လာနေကြသော ပြည်တွင်းခရီးသွားများရှိသလို မှတ်တမ်းဓာတ်ပုံရိုက်ကူးနေကြသည့် နိုင်ငံခြားသားများလည်းရှိသည်။

ကျန့်သည် မှန်ဘောင်ရှေ့ရှိ “ဝမ်ဧကရာဇ်ဝတ်ရုံတော်”ဆိုသော နာမည်ကဒ်ပြားကိုကြည့်ကာ သေချာမှတ်သားနေသည်။

ရိပေါ်သည် ကျန့်မျက်နှာလေးကိုငေးလျက်..။

"ရိပေါ် ငါ့ကို ဓာတ်ပုံရိုက်ပေးလို့ရမလား"

ကျန့်သည် ခန့်ညားသေသပ်လှသည့် ဧကရာဇ်ဝတ်ရုံတော်ကိုငေးရင်းဆိုသည်။ ရိပေါ်ပြုံးတုံ့တုံ့ဖြင့် ဘောင်းဘီအိတ်ကပ်ထဲ၌ထည့်လာသည့် ဖုန်းကိုထုတ်လိုက်၍

"ကျန့်စိတ်ကြိုက်.."

မှန်ဘောင်အတွင်းမှ အနီရောင်နဂါးဝတ်ရုံတော်အားနောက်ခံထား၍ လက်နှစ်ချောင်းထောင်လို့ ပြုံးရယ်နေသည့် ကျန့်၏ပုံရိပ်သည် သူ့ဖုန်းထဲသို့ဝင်ရောက်လာသည်။

ရဲတောက်နေသည့် ဧကရာဇ်ဝတ်ရုံထက် ကျန့်က ပို၍တောက်ပနေတာမျိုး..။

Regret (Complete)Where stories live. Discover now