Part-3(Unicode)

2.8K 312 29
                                    

နွေးလွန်းသည့် နေရောင်ခြည်သည် လိုက်ကာနောက်မှ နေပူဆာလှုံနေသော မိန်းကလေးတစ်ယောက်၏ အလှအပေါ် အယဉ်ဆင့်ကာပေးသည်။

နူးညံ့သည့်ဆံနွယ်တွေကို အမြင့်ထုံးထားသည်မို့ အချို့သောဆံနွယ်များသည် ကပိုကရိုကျဆင်းနေ၏။

လိမ္မော်ရောင်ဝတ်ရုံလက်ရှည်အား လက်မောင်းရင်းထိခေါင်းကာလိပ်ပြီးကြိုးဖြင့် စည်းထားသည်မို့ ဖြူဝင်းသော အသားအရည်နှင့် သေးသွယ်သည့်လက်မောင်းများက နေရောင်ခြည်အောက်၌ ဝင်းဝါနေသည်။

နေရောင်ခြည်လှုံနေသည့် သူမသည် လှ၏..။

နေရောင်ခြည်အောက်က နှင်းဆီရိုင်းလေးတစ်ပင်လို..။

အိမ်ရှေ့စံမင်းသားဝမ်သည် လိုက်ကာတွေအနောက်မှ အနှီမိန်းကလေးကိုချောင်းကြည့်ရင်း သဘောတကျကြီးပြုံးလိုက်သည်။
တိတ်တခိုးငေးကြည့်ရခြင်းသည်လည်း ရင်ခုန်စေခြင်းတစ်မျိုးမို့လေ..။

သူချောင်းကြည့်နေသည်ကို သတိမထားမိသည့်သူမက နေရောင်ခြည်အောက်၌ မြက်ပင်ရိုင်းလေးလို ကနွဲ့ကလျနှင့်။

နတ်သမီးရုပ်ထုရှေ့ရှိ ဖူးစာရွေးချယ်ပွဲ၌ တခဏမြင်ခဲ့ရသည့် နှုတ်ခမ်းအောက်မှမှဲ့လေးသည် နေရောင်ခြည်အောက်၌ ထင်ရှားလျက်။

ပန်းနုရောင်နှုတ်ခမ်းသားများက တေးသီချင်းတစ်ပုဒ်ကိုသီဆိုလျက်..။
တေးသွားနှင့်လိုက်ဖက်စွာပင် ပျော့ပျော့ပျောင်းပျောင်း ကတတ်လွန်းသည့် သူမသည် နေရောင်ခြည်အောက်မှ ဒေစီပန်းလေးတစ်ပွင့်လို..။

"တစ်နေ့တစ်နေ့ နေရောင်ခြည်လှုံလိုက်။ ကလိုက်။  သူများကိုဘယ်လိုယုတ်မာရမလဲတွေးလိုက်နဲ့ တကယ့်ကို ရှောင်ဟွာမှာ အလုပ်မရှိဘူးနဲ့တူတယ်"

ထိုအသံထွက်ပေါ်လာသည့်အချိန်တွင် အိမ်ရှေ့စံ၏ကြည်နူးနေသည့်စိတ်လေးသည် တခဏတာ၌ ညစ်ညူးသွားရရှာသည်။
လင်းသာနေသော လမင်းကြီးအား တိမ်ညိုတိမ်ပုပ်တွေရုတ်ချည်းဖုံးအုပ်လိုက်သလိုမျိုး..။

ကနေသည့် သူမ၏ခန္ဓာကိုယ်လေးသည် ရပ်တန့်သွားခဲ့ကာ ထိုအသံလာရာကိုကြည့်လိုက်တော့ ဤရှောင်းအိမ်တော်၏ သခင်လေးဖြစ်သူ သူ့အစ်ကို..။

Regret (Complete)Where stories live. Discover now