Extra-4(Unicode)

2.7K 298 26
                                    

"ရိပေါ် သွားကြမယ်လေ.."

အစိမ်းရောင်စကိတ်ဘုတ်ကို ကိုင်ထားကာ ငေးနေသည့်သူ့ကို သူငယ်ချင်းဖြစ်သူက ပုခုံးအားလာပုတ်ရင်း ဆိုသည်။ သို့သော် ငေးနေဆဲဖြစ်သည့် သူသည် သူငယ်ချင်းဖြစ်သူ၏စကားအား အာရုံရပုံမပေါ်..။

"မင်းတို့သွားနှင့်လေ ငါလိုက်ခဲ့မယ်.."

သူ့စကားကို သူငယ်ချင်းဖြစ်သူက ခေါင်းညိတ်ပြလိုက်ပြီး သူ့ငေးနေသည့် နေရာသို့ တစ်ချက်အကဲခတ်‌လိုက်သည်။

"ရှေးဟောင်းဘုံကျောင်းတစ်ခုပါကွာ..။ ဘာတွေစိတ်ဝင်စားစရာရှိလို့လဲ"

သူငယ်ချင်းဖြစ်သူက နှာခေါင်းရှုံ့ရင်းဆိုတော့ သူသည်ကိုင်ထားသည့် စကိတ်နှင့်ပင် သူငယ်ချင်းဖြစ်သူ၏ နဖူးအားထုကာ

"မင်းဟာမင်း သွားစရာရှိတာသွားစမ်းပါ.."

မိမိနဖူးအထုခံလိုက်ရတာကြောင့် နှုတ်ခမ်းအားမဲ့ရွဲ့ကာ အနားမှထွက်သွားသည့် စကိတ်စီးဖော်စီးဖက် တစ်နည်းအားဖြင့် ပြောရမည်ဆိုလျှင် ငယ်ပေါင်းဖော် သူငယ်ချင်းကြီးအား ကြည့်ရင်း ရိပေါ်ပြုံးစစလုပ်ကာ ကိုင်ထားသည့် စကိတ်ကိုမြေပြင်ပေါ်ချလို့ အသာစီးရင်း ဘုံကျောင်းထဲဝင်လာလိုက်သည်။

ဘုံကျောင်းအဝ၌ စကိတ်အားအရှိန်သတ်၍ လက်၌ပြန်ကိုင်ရင်း ဆွေးမြေ့နေပြီး မျက်နှာပါမပေါ်တော့သည့် ရုပ်ထုကို ငေးကြည့်နေသည့်သူ၏ကျောပြင်ကို ရိပေါ် ပြုံးကာကြည့်လိုက်သည်။

သွယ်လျသည့် ကျောပြင်လေးသည် အချိန်နာရီတွေ နှစ်တွေ မည်မျှပင် ပြောင်းလဲပါစေဦး သွယ်လျမြဲသာဖြစ်သည်။

လက်နှစ်ဖက်ကိုနောက်ပစ်လို့ ရုပ်ထုကြီးဆီ ငေးကြည့်နေသည့် အစ်ကိုကြီးသည် အဖြူရောင်ဟူဒီကို ဂျင်းပန်အနက်နှင့်တွဲဖက်ဝတ်ဆင်ထားကာ သူ၏အာရုံသည် ရုပ်ထုကြီးဆီ၌ပင် ကျရောက်နေသည်။

ရိပေါ် နှစ်နှစ်ကာကာပြုံးရင်း တစ်ခြမ်းစောင်းမြင်နေရသည့် အစ်ကိုကြီး၏ အနားသို့ ခပ်သော့သော့ကလေး ကပ်အသွား၌ ရိပေါ်လက်ထဲမှကိုင်ထားသည့် စကိတ်သည် ရုပ်ထုရှေ့ရှိ အမွှေးတိုင်တွေထွန်းသည့်နေရာမှ တစ်စုံတစ်ခုအား တိုက်မိသွားပြီး ထိုအရာ၏မြေပြင်ပေါ်သို့ပြုတ်ကျသံ တချွင်ချွင်နှင့်အတူ ရုပ်ထုကြီးဆီငေးနေသည့် အစ်ကိုကြီး၏အကြည့်သည် သူ့ထံကျရောက်လာသည်။

Regret (Complete)Where stories live. Discover now