How could I do? (Final)

462 41 2
                                    

"ဟယ်လို ဂျင်း"
သူ့ရဲ့ ဩရှရှအသံလေးနဲ့ ကိုယ်ကဖုန်းအရင်စပြီးခေါ်ခေါ် သူကပဲခေါ်လာလာ သူ့ဖက်က အရင်ဦးဆုံး ဟယ်လိုဂျင်းဆိုတဲ့ အသံကိုကြားလိုက်ရတာနဲ့ ကိုယ့်ဘဝရဲ့ အမောဆိုတာမရှိရလောက်အောင်ကို ပြည့်စုံလွန်းတာမို့ ကိုယ်ပင်ပန်းလွန်းရပြီဆိုအမြဲပဲ  သူ့ကိုခေါ်မိတယ်လေ သူက ကိုယ့်ရဲ့ happy pill လေးပါဆိုတာ ကိုယ်မပြောပြထားမိတာကျလို့ ဒီစကားကို သူကအမြဲမမှတ်မိဘူး

"ခြူး ဂျင်းကိုလာခေါ်ပေးလို့ရမလား"

"ဘာဖြစ်လို့လဲဂျင်း"

"လာခေါ်ပေးမလား မပေးဘူးလားပဲဖြေခြူး"
ကိုယ်က သူ့ကိုတွေ့ချင်လွန်းနေပြီ ပင်ပန်းလွန်းလို့ သူ့ကိုချွဲချင်နေတာကို အရစ်ကရှည်နေသေးတာ ဒီခြူးဟာ တစ်ခါတလေ သိပ်ကို ကြောင်တောင်တောင်နိုင်တာပဲ

"ဟင်း   :::  လာခဲ့မယ် လိပ်စာပြော"

"Jade Hotel"

"ဟင်"

"မကြားလိုက်ဘူးလား ခုချက်ချင်းလာခေါ်ပေး"
အရမ်းကိုအရစ်ရှည်တတ်လွန်းတာ မွေးရာပါများလား ကိုယ် ဒီလိုနေရာမျိုးကို ဘာကြောင့်မို့လာနေရတယ် ဘာကြောင့်ဒီလောက်ပင်ပန်းရတယ်ဆိုတာ ပထမဆုံးအကြိမ်ကတည်း ခြူးကမေးစရာမလိုအောင် ကိုယ်ကအရင်သူ့ကိုပြောပြထားလို့ ခြူးက ဒီကိစ္စနဲ့ပတ်သက်ပြီး နောက်ဘယ်တော့မှ မမေးတော့တာ သိသိချင်းခြူးက အင်မတန့်အင်မတန်ကိုငိုတာ ခုထိမှတ်မိနေသေးတယ် ခုလည်း သူသိပြီးသားပဲမို့ မမေးပါဘူးလေ ကိုယ့်ကိုယ်ကို ပြန်သွားလို့ရပေမယ့် ခြူးရဲ့ အကြင်နာတွေတော့လိုချင်သေးတာမို့ အမြဲပဲသူ့ကိုခေါ်မိနေတာ အိမ်မှာဆို လွတ်မှ မလွတ်လပ်တာ ခြူးကမသိတာလည်းမဟုတ်

"နိုင်း အို တူး နိုင်း ကိုတက်လာခေါ်ပေးခြူး ဂျင်းလမ်းမလျှောက်နိုင်ဘူး"
ဒီလိုပြောမှ
မဟုတ်ရင် ကိုယ့်ကိုကိုယ်ဆင်းခဲ့ဖို့ သူကပြောတော့မှာလေ သူ့ကျောပေါ်ကနေပဲ ကိုယ်က လိုက်ချင်တာ သူဘာမှပြန်မပြောလာခင် ဖုန်းကိုအမြန်ချပစ်လိုက်ရတယ် သိတယ်မလား ခြူးက ဆင်းလာဖို့ပဲ အတင်းပြောလာခဲ့ရင် ကိုယ်က သူ့ကျောပေါ်က လိုက်ခွင့်ရတော့မှာ မဟုတ်ဘူးလေ

Hai finito le parti pubblicate.

⏰ Ultimo aggiornamento: Aug 03, 2023 ⏰

Aggiungi questa storia alla tua Biblioteca per ricevere una notifica quando verrà pubblicata la prossima parte!

Jensoo (Short Story Collection)Dove le storie prendono vita. Scoprilo ora