How could I do?

374 32 7
                                    

"ဟယ်လို ဂျင်း"

"ခြူး ဂျင်းကိုလာခေါ်ပေးလို့ရမလား"

"ဘာဖြစ်လို့လဲဂျင်း"

"လာခေါ်ပေးမလား မပေးဘူးလားပဲဖြေခြူး"

"ဟင်း   :::  လာခဲ့မယ် လိပ်စာပြော"

"Jade Hotel"

"ဟင်"

"မကြားလိုက်ဘူးလား ခုချက်ချင်းလာခေါ်ပေး"

ဝဲတက်လာတဲ့မျက်ရည်တွေကို မသိကျေးကျွန်ပြုလိုက်ရတယ် မသိချင်‌တော့ပါဘူး ဂျင်းကဘာဖြစ်လို့ ဟိုတယ်ကိုရောက်နေတာလဲ တကယ်ကိုမသိချင်တော့တာပါ ကိုယ့်ကိုကိုယ်ပြန်လာလို့ရရက်နဲ့ ဘာကြောင့်မို့ လာခေါ်ခိုင်းရတာလဲဆိုတာကိုလဲ အဖြေမရှာချင်တော့ပါ ပထမဆုံးအကြိမ်ကတည်းက မမေးခဲ့တာ ဟုတ်တယ် ပထမဆုံးအကြိမ်ကတည်းကပဲ

သူ့အတွက် ကိုယ်က သူစိတ်တိုင်းကျ ဆော့ကစားခံရတဲ့ လူတွေထဲက လူတစ်ယောက်သာသာပဲလေ ကိုယ်ဆိုတဲ့လူကလည်း အဲ့ဒီ သာသာပဲလေ ဆိုတဲ့ စကားအတိုင်း အခြားအခြားသော သူတွေထက် နဲနဲလေးသာနေတာကိုပဲ ကျေကျေနပ်နပ်ကြီး နစ်ဝင်ခဲ့တာမလား

ဂျင်းရဲ့ဆော့ကစားခံရတဲ့သူတွေ ခုချိန်ထိကိုတစ်ယောက်ပြီးတစ်ယောက်ပြောင်းသွားပေမယ့် သူက ကိုယ့်ကိုတော့ ခုချိန်ထိ မစွန့်ပစ်သေးပါဘူးလေ

အရင်တုန်းတွေကအတိုင်း သူ Date ချင်တဲ့သူနဲ့ Date ချင်တဲ့ဟိုတယ်မှာ Date ပြီးတာနဲ့ ကိုယ်ကတော့ သူ့ကို ရေပူရေချမ်းကမ်းပေးရတဲ့သူပေါ့လေ

"ခြူးအခု Reception မှာရောက်နေပြီဂျင်း"

"နိုင်း အို တူး နိုင်း ကိုတက်လာခေါ်ပေးခြူး ဂျင်းလမ်းမလျှောက်နိုင်ဘူး"

ပြောပြီး ဖုန်းကိုချသွားလိုက်တဲ့ဂျင်းက ပြောသွားလိုက်ပုံများ ပေါ့ပါးလိုက်တာ
ကိုယ့်မှာသာ စီးကျလာတဲ့မျက်ရည်တွေက မထိန်းနိုင် မတားနိုင် မဆီးနိုင်
အင်းလေ ဒီလိုကြုံရတဲ့အကြိမ်ပေါင်းကလည်း မရေတွက်နိုင်တော့ဘူးမဟုတ်လား

ဂျင်းက သူနဲ့တွဲတဲ့ယောက်ျား မိန်းမဟူသမျှနဲ့ ချိန်းတွေ့မယ်ဆိုတိုင်း ဟိုတယ်တွေမှာပဲလေ

Jensoo (Short Story Collection)Where stories live. Discover now