Home (A)

483 34 4
                                    

"အချစ် ဟန်နီ မိန်းမရေ ခြူးရေ
အပေါက်ဝကတည်းက အော်လာတာကိုကွာ အချစ်က မကြားဘူးလား"

"ဘေဘီ့အတွက် ဘေဘီပြန်လာတာနဲ့ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ပေးချင်လို့လေ သီချင်းဖွင့်ထားပြီး အလုပ်လုပ်နေရင်းနဲ့အတွေးတွေက ဟိုရောက်ဒီရောက်နဲ့မို့ပါ အသဲတုန်းလေးရဲ့"

"ခြူးက ဘာတွေချက်နေတာလဲ"

"ဂျင်းအကြိုက် တွေပေါ့"

"စားလို့ရပြီလား အဆင်သင့်ပဲလား"

"ရပါပြီအသင့်ပါပဲနော်"

"ဒါဆို စားပြီပဲ"

"အား ဟား ဟား ယား ယားတယ်ဂျင်းရဲ့
ယားပါတယ်ဆို ဟား ဟား"

ဂျင်းက ခြူးရဲ့ အနောက်ကနေပြီး လက်မောင်းနေရာကနေ ချုပ်သလိုဖက်ထားရင်းက ခြူးရဲ့ဂုတ်သားဖွေးဖွေးလေးတွေကို လေနဲ့မှုတ်နေတာလေ ပြီးတော့ နှုတ်ခမ်းတွေနဲ့လည်း လာလာထိနေတာ ဘယ်လိုယားမှန်းကိုမသိတာ တကယ်ကို ခံရခက်ခက်ပါဆို
သူ့ကိုကျပြန်လုပ်လို့ကိုမရတာ အတင်းမရမကရုန်းထွက်ပစ်တာ တစ်ခါလောက်တော့ ဒင်းလေးကို ဒီအရသာ ခံစားကြည့်စေချင်တာ ခုချိန်ထိကို မရဖူးသေးဘူး
အားကသန်ချက်

"ဂျင်း ဘေဘီ တော်တော့ မောလာပြီအချစ်ရဲ့"

"ဟီး ရွှတ် "

ပြောနေရင်းကို ရအောင်ကိုနမ်းလိုက်သေးတာ လူဆိုးမလေး

"ဂျင်းရေသွားချိုးလိုက်အုန်းမယ် မြန်မြန်ချိုးလိုက်မယ်နော် ဆာနေပြီ"

သူ့ဗိုက်ကလေးကိုပွတ်ပြပြီး နှုတ်ခမ်းလေးစူ မျက်နှာလေးမဲ့ပြီး လုပ်ပြနေပုံက အသည်းယားစရာ အဲ့ပေါက်စကလေ ဘယ်လိုအမူအရာမျိုးလုပ်ပြလုပ်ပြ သိပ်ကိုချစ်ဖို့ကောင်းလွန်းနေတာ ကိုယ့်အမျိုးသမီးလေးက အလုပ်မှာ ပရိုဆန်သလောက် ကိုယ်နဲ့များးဆို တကယ့်ကလေးလေးပါဆို

"ခြူး ဒီနေ့အလုပ်မှာ အဆင်ပြေလား"

"ပြေပါတယ်ဂျင်းရဲ့ ဂျင်းရော"

"အင်းးးးးနဲနဲတော့မပြေဘူး "

"ဘာပြသနာရှိလို့လဲဂျင်း"

"အကြီးကြီးပေါ့ခြူးရာ ခြူးကိုလွမ်းလွန်းလို့ အဆင်ပြေမနေဘူး "

Jensoo (Short Story Collection)Where stories live. Discover now