Invitation Card (A)

514 35 6
                                    

လေယာဉ်ပေါ်ကဆင်းလိုက်တာနဲ့ ကိုယ့်အမိမြေရဲ့လေဟာ သိပ်ကိုလတ်ဆတ်လွန်းတယ် ရှူခဲ့ဖူးသမျှလေတွေထဲမှာ ကိုယ့်မြေက လေက အသန့်ဆုံးပဲလို့ မျက်နှာလိုက်ပြီးတွေးမိလိုက်တော့ ဟက်ကနဲတောင်ရယ်မိလိုက်တော့တယ်

ကိုယ့်မြေ ကိုယ့်မွေးရပ်မြေကို ခြေချလိုက်မိတာနဲ့ အရာရာဟာ သူ့နေရာနဲ့သူ အံဝင်ခွင်ကျကိုဖြစ်လို့ တိုက်ခတ်လာတဲ့လေထု ထွေးပွေ့လာတဲ့ နေရောင်ခြည် အရာအားလုံးက နွေးထွေးနေတော့တာ

လွန်ခဲ့တဲ့ ငါးနှစ်က အဖြစ်အပျက်တွေကအစ အသစ်စက်စက်အတိုင်း နှလုံးသားကပြန်မှတ်မိနေပြန်တော့ နာကျည်းစွာပြုံးမိလိုက်သလားပဲ

ကင်ဂျီဆို ငါနင့်ကို သေလောက်အောင်ကိုမုန်းပြီး သတိရနေတာ နင့်ကို အရမ်းမုန်းတယ် မုန်းတယ်

ဟန်ဂုကိုအခုပဲခြေချတယ် အခုသူ့ကို ချက်ချင်းသတိရတယ် ဂျိန်းရယ် နင့်က မလွန်နေဘူးလားလို့ ကိုယ့်ကိုကိုယ် ပြန်ပြောရတဲ့အထိပဲ

ခါးသီးစရာဖြစ်ရပ်တွေအတွက် ဂျိန်းဒီမြေကို ရှောင်ပြေးခဲ့တာ ငါးနှစ်တောင်ကြာသွားပေမယ့် အခုချိန်ထိ အနည်မထိုင်နိုင်သေးဘူး

ရိုစီရေ ဂျိန်းကရောက်နေပြီ လာမကြိုသေးဘူးလား

ဆောရီးဂျိန်းရယ် ချော စောစောထွက်ခဲ့ပေမယ့် လမ်းက ကြပ်နေတာ နာရီဝက်လောက်တော့ထပ်စောင့်ရမယ်ထင်တယ်

ဂျိန်းစောင့်နေတာတောင် တစ်နာရီလောက်ရှိနေပြီ အိမ်ကိုပဲလှည့်ပြန်စောင့်နေလိုက်တော့ ဂျိန်း တက်စီနဲ့ပဲပြန်လာတော့မယ် မစောင့်ချင်တော့ဘူး

ဖြစ်ရဲ့လားဂျိန်းရဲ့

အောင်မလေးရိုစီရယ် ဘာတွေများပြောင်းလဲနေတာကျလို့ မဖြစ်စရာလား ကိုယ့်အိမ်ကိုယ်တော့ ပြန်တတ်ပါတယ်နော်

ပြန်တတ်လို့သာပဲနော် ထွက်သွားတာဖြင့် ငါးနှစ်ကြီးများတောင်ကိုများ

ကဲပါ ပြန်လာခဲ့ပြီ ဒါပဲနော်

ဟုတ်ကဲ့ပါအချစ်ကလေးရေ ခဏနေတွေ့မယ်‌

ဂျိန်း

အော် ဘယ်သူများလဲလို့ ကင်ဂျီဆိုပါလား တိုက်ဆိုင်ချက်များနော်

Jensoo (Short Story Collection)Where stories live. Discover now