You betrayed me ( Final )

489 30 12
                                    

ဟို
ဂျင်းမြင်ခဲ့သလောက်ပါပဲ တစ်ခါမှတောင် ဒီလောက်အထိမ‌ရောက်ခဲ့ဖူးပါဘူး

ဂျင်း မြင်လို့သာလေ မဟုတ်ရင် အခြေအနေက ဘယ်အတိုင်းအတာအထိ ဆက်သွားကြမလဲဆိုတာ တွေးတောင်မတွေးရဲဘူး သိရဲ့လားခြူးရဲ့ ဂျင်းရင်တွေဘယ်လောက်တောင်နာကျင်ရလဲဆိုတာ ခြူးသိရဲ့လား

တောင်းပန်ပါတယ်ဂျင်းရယ် ခြူးကိုခွင့်လွှတ်ပါ တကယ်နောက်ထပ်ဆိုတာ ဘယ်တော့မှ မရှိစေရပါဘူး ခြူးအသက်နဲ့တိုင်တည်ပြီး ကတိပေးရဲပါတယ် တကယ်ပါ ပြန်လိုက်ခဲ့ပါနော် ဂျင်းမရှိလို့မဖြစ်ဘူးဆိုတာကိုရော သိရဲ့လားဟင်

ခြူးက သူ့ကိုပြန်နမ်းခဲ့သလား

ချက်ချင်းကို မျက်လွှာချသွားတဲ့ခြူး

အင်း

ပြောပြီးတာနဲ့ ချက်ချင်းစိုးရိမ်တကြီး ဂျင်းကိုကြည့်မိတော့ သူ့ အောက်နှုတ်ခမ်းကို ကိုက်ထားပြီး နာကျင်လွန်းနေတဲ့ မျက်လုံးတွေနဲ့ မျက်ရည်တွေချက်ချင်းကို ပြည့်လျှံလာတာတွေ့ရတော့ ဂျင်းကို အားနာလွန်းလို့ ဘယ်လိုလုပ်ရမယ်တောင်မသိတော့ဘူး
ဂျင်းကအရမ်းကိုနာကျင်လွန်းစွာနဲ့ အသံတိတ်ငိုကြွေးနေလိုက်တာများ ခြူးရင်တွေကွဲရတာပါပဲ ခဏကြာတော့ ဂျင်းက ငိုသံအက်အက်နဲ့ဆက်ပြီးမေးတယ်လေ

ခြူးက သူနဲ့နမ်းရတာကို ကြိုက်နေတာလား ခဏလေး မဟုတ်သေးဘူး သူ့ကို သဘောကျနေတာလား

မဟုတ်ဘူးဂျင်း မဟုတ်ဘူး တောင်းပန်ပါတယ်ဂျင်းရယ် ခြူးကြောင့်နဲ့ ဂျင်းဒီလိုတွေ နာကျင်နေရတာ ခြူးဘယ်လိုပြန်ပေးဆပ်ရမယ်မှန်းတောင် မသိတော့ပါဘူး ခြူးဘဝမှာ ဂျင်းတစ်ယောက်တည်းကိုပဲ မြတ်မြတ်နိုးနိုးနဲ့ ဘယ်အရာနဲ့မှ မယှဉ်နိုင်အောင် ချစ်ရတာပါ ခြူးဘဝမှာ ဂျင်းမရှိလို့မဖြစ်ဘူး ခုကလည်း ဂျင်းကိုလွမ်းလွန်းလို့ အရမ်းကိုလွမ်းလွန်းပြီး စိတ်ဖြေရာ ရှာမိသွားတာပါ

ဂျင်းရဲ့ခါးကို တင်းနေအောင်ဖက်ထားမိလိုက်တယ် ဒီလူသားလေးကိုမှ နာကျင်ရအောင်လုပ်မိလေခြင်း သူနာကျင်နေရတာထက် ကိုယ်ကလည်းပိုပြီးနာကျင်နေရပြီ

Jensoo (Short Story Collection)Where stories live. Discover now