Home (Final)

432 43 2
                                    

ဂျင်း အိမ်ထဲကိုပြန်ဝင်လာတော့ ငိုနေတဲ့နာနာ့ဆီကို ကပ်သွားလိုက်တယ် စိတ်တွေလည်းရှုပ်နေတယ် နာနာ့ကိုလည်း အရမ်းကိုအားနာနေသလို ခြူးအတွက်လည်း ရင်ကွဲနေရဝာာပါပဲ

မျက်လုံးးကိုမှိတ်လိုက်ပြီး အသက်ကိုခပ်ပြင်းပြင်းရှူထုတ်လိုက်မိတယ် သက်ပြင်းမောကိုလည်းချမိလိုက်တာအခါခါ အိမ်ကိုပြန်ရောက်တာနဲ့ ရှူနေတဲ့လေထဲမှာလည်း ခြူးရဲ့ ကိုယ်သင်းနံ့တွေကိုရဖို့ပဲ အမြဲတမ်းတမိနေခဲ့တာလေ ခုလည်း မသိစိတ်က ခြူးရဲ့ ကိုယ်အနံ့လေးကို လိုက်ရှာနေမိ‌တာပါလား နေပါအုန်း ခုရနေတာက ရင်းနှီးနေပေမယ့် မရင်းနှီးတဲ့နေရာကရနေတဲ့ ရေမွှေးနံ့ ဖြစ်နေတယ် ဘယ်ကပါလိမ့်

"နာနာ"

အလန့်တကြား ဂျင်းကခေါ်မိလိုက်တော့ နာနာလည်းလန့်ပြီးမော့ကြည့်လာတယ်

ဂျင်းရဲ့chanel ရေမွှေးကို ဒီနေ့ဂျင်းမသုံးသွားပါဘူး ခြူးရဲ့ ရေမွှေးကိုပဲ ဂျင်းကသုံးသွားဝာာပါ ဒါပေမယ့် ဂျင်းရဲ့ရေမွှေးနံ့က နာနာ့ဆီကဖြစ်နေတယ် ခုမှ မသင်္ကာလို့ နာနာ့ကိုသေချာကြည့်ဖြစ်လိုက်တော့လည်း ဂျင်းရဲ့ favourite အနက်ရောင် dress ကိုလည်းဝတ်ထားသေးတယ် ခုကျမှ အရင်က ခြူးပြောခဲ့တာတွေကို တစ်ခုချင်းစီ ပြန်ကြားလာမိပြီး ဂျင်းအရမ်းကို လန့်သွားမိတော့တယ်

"နာနာ ဂျင်းကိုမလိမ်မညာဘဲ ဟိုးအစကနေ ခုချိန်ထိ ဖြစ်ပျက်ခဲ့သမျှကို မချွင်းမချန် ရှင်းပြသင့်တယ်လို မထင်ဘူးလား"

"နာနာ့ကို ခြူးက အမြဲအနိုင်ကျင့်ချင်နေတာ ဂျင်းကွယ်ရာရောက်တိုင်း အင့်"

"နာနာ ဂျင်းသိနေတယ် ဂျင်းကို မလိမ်ပါနဲ့တော့ ဂျင်းနဲ့ခြူးတို့ကိုကွဲသွားစေချင်လို့လား သူများမိသားစုကို ကွဲကွာရအောင်လုပ်တာ နာနာဝဋ်လည်မှာမကြောက်ဘူးလား ခုတောင် ယွန်းက နာနာ့ကို.... "

"ဂျင်းးးး အင့်
နာနာပြောပြပါ့မယ် အီးးးး"

နာနာဟာမပြောသေးခင် ရှိုက်ကြီးတငင်ကို ငိုနေသေးတာမို့ ဂျင်းဒီတိုင်း စိတ်ရှည်ရှည်ထားပြီးပဲ သူရှင်းပြ ပြောပြလာမှာကို စောင့်နေပေးလိုက်တယ် စိတ်တိုနေပေမယ့် ကိုယ်ကအကြီးမလား စိတ်ပျက်စရာကောင်းလိုက်တဲ့နာနာပဲ အရင်လိုသာဆို သူငိုတာနဲ့ မျက်ရည်သုတ်ပေးဖို့ ပုခုံးတစ်ဖက်ငှားပေးဖို့ အမြဲအဆင်သင့်လေ ခုများကျ စိတ်ကိုတောင် မနည်းဆွဲဆန့်ထားရတာ

Jensoo (Short Story Collection)Tahanan ng mga kuwento. Tumuklas ngayon