You betrayed me (A)

451 30 9
                                    

ဂျင်းက နိုင်ငံခြားကို အလုပ်ကိစ္စနဲ့ခရီးထွက်ခဲ့တာ သုံးလနီးပါးလောက်ကြာသွားတယ် ပထမ တစ်လလောက်သာ မိန်းမနဲ့အဆက်အသွယ်မပြတ်ရှိခဲ့ပေမယ့် နောက်ပိုင်း အလုပ်ကများလွန်းတော့ ဖုန်းခေါ်ဖို့တောင်မအားတော့ဘူးလေ မိန်းမကခေါ်လာခဲ့ရင်တောင် စာပဲပို့ထားပေးဖို့နဲ့ ကိုင်ဖို့အဆင်မပြေကြောင်းသာ စာပြန်ပို့ခဲ့ရတာ
ခုပြန်ရောက်ကြောင်းကိုလည်း မိန်းမကို မပြောပြထားဘူး အရမ်းကိုလွမ်းနေခဲ့တာမို့ ကိုယ့်မိန်းကို အံ့ဩပြီးပျော်သွားအောင် suprise လုပ်ဖို့တွေးရင်း ပြုံးနေမိတာ

လေယာဉ်ကွင်းကနေဆင်းပြီး ကားပါကင်မှာအပ်ထားခဲ့တဲ့ ကိုယ့်ရဲ့ကားကို ပြန်ယူပြီး‌ ကိုယ်တိုင်ပဲ မောင်းပြန်လာခဲ့တယ် အပြန်လမ်းမှာမိန်းမကြိုက်တဲ့ နေကြာပန်းစည်းလေးဝင်ဝယ်ပြီး အိမ်ကိုအရင်မပြန်ဘဲ မိန်းမရဲ့ ကုမ္ပဏီကိုပဲ အရင်သွားလိုက်တယ် မိန်းမအိမ်ပြန်လာတဲ့ထိ အိမ်မှာထိုင်မစောင့်နိုင်ဘူးလေ နောက်ထပ် ခရီးတွေမထွက်ခင် မိန်းမနား အချိန်များများနေလို့ရသလောက်နေချင်တာမို့ မိန်းမမျက်နှာအရင်မြင်ရဖို့အရေးဂျင်းအ‌ရေးပဲ

ကိုယ့်အတွေးနဲ့ကိုယ် ပန်းစည်းကိုင်ပြီး ဓါတ်လှေကားနဲ့ မိန်းမရုံးခန်းရှိတဲ့ အထပ်ကို တက်လာခဲ့တယ် လုံခြုံရေးတွေကလည်း ကိုယ့်ကိုသိပြီးသားမလား

ဓါတ်လှေကားက ကိုယ်နှိပ်ထားတဲ့ နံပါတ်ကိုရောက်တော့ ရပ်သွားတယ်လေ ဒီအထပ်ကို လူတိုင်းလာလို့မှမရတာ
ဂျင်းကတော့ မိန်းမရဲ့အထက်မှာရှိတာလေ ကိုယ်ကကုမ္ပဏီပိုင်ရှင်ရဲ့ပိုင်ရှင် သိတယ်မလား ပိုင်ရှင်ကိုပိုင်တာ ဂျင်းတစ်ယောက်ပဲရှိတယ် အဟား ဘယ်လောက်ဂုဏ်ယူစရာကောင်းလိုက်သလဲလို့

တံခါးကပွင့်လာတာနဲ့ ခြူးရဲ့အခန်းထဲတိုက်ရိုက်ရောက်တာမျိုးလေ

တံခါးစစချင်းအပွင့်မှာပဲ မြင်လိုက်ရတာက ကိုယ့်မိန်းမကို ကိုယ်မသိတဲ့ အမျိုးသားတစ်ဦးနဲ့ ဖက်နေရက်အနေအထားနဲ့
ပိုဆိုးတာက အဲ့အမျိုးသားက ကိုယ့်အမျိုးသမီးရဲ့ အပေါ်အင်္ကျီကို ချွတ်ဖို့ကြိုးစားရင်း နမ်းနေကြတာပဲ ကိုယ့်မိန်းမကလည်း ကြည့်တာနဲ့ နှစ်သက်နေတဲ့ပုံက သိသာနေတယ်လေ

Jensoo (Short Story Collection)Where stories live. Discover now