Home (B)

314 47 8
                                    

"ဘေဘီ နာနာကို ယွန်းက ပြန်မခေါ်သေးဘူးလား ဟို ခြူးမေးတာတစ်မျိုးမထင်နဲ့နော် သူတို့နှစ်ယောက်ကို မြန်မြန်ပြန်အဆင်ပြေစေချင်တဲ့သဘောပါ"

"ဂျင်းနားလည်ပါတယ်ခြူးရဲ့
ဒါပေမယ့်သူတို့ပြဿနာ သူတို့ ဖြေရှင်းကြပါလိမ့်မယ် ဂျင်းတို့က ကြားလူဖြစ်နေတာမလား မေးလို့လည်း မကောင်းဘူးလေ နာနာ့ကို သူ ပျော်သလောက် စိတ်ချမ်းသာသလို နေစေချင်တယ် ဂျင်းကိုနားလည်ပေးမယ်မလားဟင်"

"ဂျင်းကို နားလည်အပေးနိုင်ဆုံးက ခြူးလေအချစ်ရဲ့
ခြူးကိုလည်း နားလည်ပေးမယ်လို့ ယုံကြည်ပါတယ် မိန်းမရယ်"

ဂျင်းက ပြုံးပြီး ခြူးကိုဖက်ထားတယ် ပြီးတော့ ထုံးစံအတိုင်း လည်တိုင်ကြားကိုတိုးဝင်လာတော့တာ

"ခြူးကို ယုံတယ်မလား"

"ကမ္ဘာပေါ်မှာ ဂျင်းအတွက် အယုံကြည်ရဆုံး တစ်ဦးတည်းသော လူသားက ဟန်နီလေ မသိဘူးလား ဟွန့်"

"ဂျင်းကို ပြောပြထားချင်တာရှိတယ်ဂျင်း....
ဂျင်း ယုံပါ့မလား မသိပေမယ့်လေ နာနာက ဂျင်းကွယ်ရာကျရင်လေ ခြူးကို ပရောပရည်လုပ်လုပ်နေသလိုပဲ ခြူး နေရခက်လို့"

"မဟုတ်တာဘဲ ခြူးရယ်
ခြူးထင်လို့နေမှာပါ စိတ်ထဲမထားနဲ့လေ ခြူးရဲ့ ညီမလေးလိုပဲ သဘောထားပြီး ဆက်ဆံပေးပါလား ခြူးက အဲ့လိုစိတ်ထဲထားနေရင် နာနာလည်း နေရခက်နေမှာပေါ့ ခြူးရဲ့"

"အင်းပါ ခြူးစိတ်ပြင်ဆင်ထားပါ့မယ်"

"နာနာရှိ‌ နေတော့ ခြူးအတွက်နေရခက်နေမှာကို ဂျင်းလည်း သတိထားမိပါတယ် ခဏတော့ သီးခံပေးပါအုန်းအချစ်ရယ် နော်"

ဂျင်းစိတ်ထဲမှာ ခြူးက နာနာကို သဘောမကျလို့ တမင်ပြောနေတယ်ပဲ ထင်နေမိပြီး မေ့မေ့ပျောက်ပျောက်ပဲထားလိုက်တော့တယ်

။။။။။။။။။။။။။။။

"ဂျင်းရေ ခြူးသွားတော့မယ်နော် "

"ဟုတ်ကဲ့ပါအချစ်"

"ဂျင်း ဟိုလေ"

ပြောလေဆိုတဲ့သဘောနဲ့ ဂျင်းက မျက်ခုံးပင့်ပြလိုက်ပေမယ့် ခြူးက ပြောရခက်နေဟန် ဆက်မပြောတာမို့

Jensoo (Short Story Collection)Onde as histórias ganham vida. Descobre agora