Part-1(Unicode)

10.8K 423 8
                                    

မည်းမှောင်နေသော ညပတ်ဝန်းကျင်၌ အေးမြသောလရောင်သည် အလင်းဓာတ်တစ်ခုသဖွယ် ကျရောက်သည်။

သစ်ပင်အိုကြီးများအောက်တွင် လရောင်ထိုးဖောက်ဖြာကျနေသဖြင့် သစ်ရိပ်အစက်အပြောက်များဖြစ်နေ၏။ အကိုင်းအလက်ခက်ရွက်ရိုးတံများမှာ လေဝှေ့သဖြင့် ယိမ်းနွဲ့လှုပ်ခတ်လျက် တိုးညှင်းသော ရွက်ချင်းထိသံသဲ့သဲ့ကိုလည်း ဖြစ်ပေါ်စေသည်။

ရှေးယခင်ကပင် ဘုန်းတန်ခိုးကြီးမားလှသည်ဟုသတ်မှတ်ခံထားရသည့် မင်းဧကရာဇ်တို့၏နန်းတော်သည် အဆောင်ကြီးငယ်များဖြင့် ဖွဲ့စည်းထားပြီး ဝင်္ကပါလမ်းကြောင်းများရှိရာ အရပ်ဖြစ်သည်။

ပုံမှန်တိတ်ဆိတ်နေကြ နန်းတော်ကြီးသည် ခါတိုင်းနှင့်မတူ နန်းဆောင်လေးတစ်နေရာ၌ ကွက်ကာဆူညံနေသည်။

ထိုအဆောင်သည် နန်းတော်၏အရှင်သခင် မင်းဧကရာဇ်စံစားရာ နန်းဆောင်ဖြစ်ပြီး အဆောင်တွင်းမှ ဖယောင်းတိုင်မီးများမှာ အပြင်သို့ဖြာထွက်လျက်ရှိသည်။

နန်းဆောင်ရှေ့မှ ကျောက်ရုပ်များကဲ့သို့ မလှုပ်မယှက် အစောင့်ရဲမက်တို့မှာလည်း နန်းဆောင်အတွင်းမှ ဆူညံသံကြောင့် မျက်ခုံးလှုပ်လျက်ရှိသည်။

‘ခွမ်း!!’

အဆောင်အတွင်းမှ ဆူညံစွာထွက်ပေါ်လာသော တစ်စုံတစ်ရာကျကွဲသံသည် နန်းဆောင်ရှေ့မှ အစောင့်ရဲမက်များအား အနည်းငယ်မျှလန့်သွားစေရန် လုံလောက်သည်။

တစ်စုံတစ်ရာကျကွဲသံဆိုပေမယ့် နန်းဆောင်အတွင်းသို့ အလျင်အမြန်ပြေးမဝင်သော အစောင့်ရဲမက်များသည် ဤရန်ပွဲနှောကြေနေဟန်တူသည်။
နန်းဆောင်တွင်း၌ ဖြစ်နေကျ ဖြစ်ရိုးဖြစ်စဉ်တစ်ခုသာမို့။

"ရှောင်းကျန့်!! ဒီကြွေပန်းကန်က လွိတိုင်းပြည်က လက်ဆောင်ဆက်သထားတယ်ဆိုတာ မင်းသိရဲ့လား။ အခုကွဲသွားတော့ ဘယ်လိုလုပ်မလဲ"

"ကြွေထည်နဲ့ထုဆစ်ထားတဲ့ ပန်းကန်တစ်ခုသာသာပါပဲ။ မင်းလိုချင်ရင် မနက်ဖြန် ပြန်လျော်ပေးမယ်"

"ပေါ့ပျက်လှချည်လား။ ဒီကြွေထည်ပစ္စည်းက တိုင်းပြည်နှစ်ပြည်ကြားက ငြိမ်းချမ်းရေးဖလှယ်တဲ့အနေနဲ့ဆက်သထားတဲ့ ပစ္စည်း"

Regret (Complete)Where stories live. Discover now