ဇာတ်သိမ်းပိုင်း
''အဲ့ညက အရှင် ဘာမိန့်ခဲ့သလဲ''''ဘာရယ်မဟုတ်ပါဘူး။ ဆိုရာမိဖုရားအဖြစ် အပိရိဆုံး နေဖို့ရယ်၊ ထပ်ပြီး နန်းပြင်မထွက်တော့ဖို့ရယ်''
ချန်ယောက မယုံသေးတာ သေချာတယ်။ တကယ်လေ ကိုယ်ရံတော် မလုပ်ဘဲ အထောက်တော်လုပ်ဖို့သာ ကောင်းရော့တယ်။ အရေးထဲမှ ရှန့်ကုန်းကြီးကပါ ဘေးကနေ မြှောက်မြှောက်ပေးနေတော့တာ။
''မေးစမ်းပါဦး ချန်ယောရဲ့'' တဲ့။
ချန်ယော မေ့လောက်ပြီထင်လို့ သူ့မှာ သက်ပြင်းကလေး ချနိုင်မယ် မပြင်လိုက်နဲ့ ဟန်ရှန့်ကုန်းက လက်တို့ပြီပဲ။
''ရှန့်ကုန်းနော်.. ဒီ့ထက်ပို အတို့အထောင်လုပ်နေရင် ကင်အမတ်နဲ့ ပေးစားလိုက်တော့မှာ''
''ဘုရား ဘုရား။ ဘယ်လို စကားတွေပြောနေရော့လဲ ဒီကလေး''
အနောက်နန်းဆောင်နား တဝဲလည်လည်လာလုပ်နေတဲ့ ကင်အမတ် မြင်တိုင်း သူ့မှာ သူ့ကို လာပိုးပန်းနေကြောင်း မသိချင်ယောင်ဆောင်လို့ ရှန့်ကုန်းကြီးကို တွန်းပို့ပေးလိုက်တော့တာပဲ။
ဒင်းနှမ မိဖုရားခေါင်ကြီးက တစ်မျိုး ဒုက္ခပေးသလို ဒင်းကလည်း တစ်မျိုး အာရုံနောက်ရော့တယ်။ ပြီးတော့လေ ချန်ယောနဲ့လည်း တစ်ဒုက္ခ။ အဲ့လူ ရောက်လာပြန်ပြီဆို ချန်ယောက တောက်တခတ်ခတ်နဲ့ ဒေါသစိတ်တွေ ထွက်လာတော့တာကြောင့် အဲလိုအချိန်ဆို သူ့မှာ အသံလေး တောင်မပြုရဲဘဲ ငြိမ်ငြိမ်ကလေး နေရတယ်။
''ဘာလို့ ဒင်းက မင်းကို စွဲလန်းသွားရသလဲ''
''အိုး.. ဘတ်ခ်ဟျွန်းနီး မသိတတ်ပေါင်''
တကယ်လည်း မသိဘူးဟာကို။ မျက်ထောင့်နီကြီးနဲ့ အကြည့်ခံရတယ်။ ဝန်တိုတာလည်းလေ လန့်လန့်စရာကြီး။ အဲ ပြီးတော့လေ.. ချစ်လည်း ချစ်စရာကြီး။ မျက်ခုံးနှစ်ခု ထိတော့မတတ် မှောင်ကုပ်တွန့်ချိုးထားတဲ့ ရုပ်ကြီးကို ချစ်လို့ကိုမဝပါဘူး တကယ်။
''အင်း တစ်ခုတော့လည်း ကောင်းပါတယ်။ မင်းကို ထိခိုက်စေမယ့်လူထဲ သူတစ်ယောက်လျော့သွားတာပေါ့''
![](https://img.wattpad.com/cover/326928414-288-k582463.jpg)
YOU ARE READING
တောင်ပံတစ်ခတ် ချစ်တစ်သက်
Fanfictionတစ်သက်စာအတွက် သေချာသွားဖို့လေ ... လိပ်ပြာလေးတစ်ကောင် တောင်ပံ ဖျပ်ခနဲခတ်လိုက်သလို အချိန်လေးပဲ လိုပါတယ်။ ဒီဘဝတင်မက နောက်ဘဝ နောက်ဘဝတွေတိုင်းမှာပါ အတူရှိချင်မိတဲ့ လူက ကိုယ်ရံတော်ကြီးပါပဲ။ လေပြေဝေ့တဲ့အခါ ကြွေကျသွားတဲ့ သစ်ရွက်ကလေးလို ကျွန်တော့်နှလုံးသား...