Episode 6

283 44 0
                                    

(Unicode)

အပိုင်း (၆)

ဆိုရာမိဖုရား ရင်သွေးလွယ်ထားရကြောင်း သတင်းစကား နန်းတော်ထဲ ပြန့်နေတယ်။ ဟန်ရှန့်ကုန်းက မိဖုရားခေါင်ကြီး အခြေအနေကို စုံစမ်းကြည့်ဖို့ ပြောတယ်။

''စုံစမ်းကြည့်စရာ မလိုပ ရှန့်ကုန်းရယ်။ သိသာနေတာပဲ''

ဒေါသအမျက်ထွက်နေရောပေါ့။ နန်းမွေအတွက် အိမ်ရှေ့စံ မွေးနိုင်ဖို့ လိုနေတဲ့သူမှာ အဆင့်နိမ့်မိဖုရားငယ်ရဲ့ ကျော်တက်ခံလိုက်ရပေခြင်းလေ။ ဆိုတော့ စုံစမ်းနေဖို့တောင် လိုမနေရော့ပါဘူး။

ဒီသတင်းစကား ဘယ်ကပြန့်လာသလဲ စုံစမ်းဖို့ကသာ ပိုအရေးကြီးပေတယ်။ အရှင် အနောက်နန်းဆောင်ကို မကြွတာ ကြာပြီရယ်မို့ အချစ်လျော့သွားပြီ အထင်နဲ့ ဆိုရာမိဖုရားကို လွှတ်ထားကြတာမလား။ ဒီလိုနဲ့ ဘတ်ခ်ဟျွန်းနီးလေး ခုချိန်ထိ အန္တရာယ်တစ်စုံတစ်ရာ မကြုံရသေးခြင်းပေမလား။ ခုမှ ကောက်ခါငင်ခါ ထွက်လာတဲ့ သတင်းရယ်။ ဒါ သွေးရိုးသားရိုးရယ်မဖြစ်နိုင်။

''ကျွန်တော် အရှင့်ဆီ သွားရမယ်။ ရှန့်ကုန်း ဘတ်ခ်ဟျွန်းနီးကို သေချာကြည့်ရှုထားဦး။ အရင်ရက်ကလို ဖြစ်ဦးမယ်''

''စိတ်ချလက်ချသွားပါ ကိုယ်ရံတော်ကြီးရယ်။ ဘတ်ခ်ဟျွန်းနီးလေးက လိမ္မာတယ်''

''သိပ်အလိုမလိုက်နဲ့ အဲ့လိမ္မာတယ်ဆိုတာကပဲ''

''ပျံ့နေတဲ့ သတင်းစကားကြောင့် စိတ်ရယ် အဆင်မပြေလို့ ငြိမ်နေရှာတာ နံနက်စာတောင် မစားတဲ့ကလေးကို''

''ကျစ်...စိတ်နဲ့ အစာအိမ် ဘာဆိုင်ရော့လဲ။ စိတ်ညစ်တာနဲ့ပဲ ထမင်းမစားပြန်ဘူးလား။ စားတော်ပွဲ ပြင်ခိုင်းလိုက် အခုပဲ''

ကိုယ့်မှာ ဖြောင့်ဖြောင့်မသွားနိုင်။ ခန်းဆောင်ထဲ ဝင်ကြည့်တော့ ထုံးစံအတိုင်း ဒူးကလေးပိုက်လို့။

''စိတ်ရယ် အစာအိမ်ရယ် ဒူးရယ်က ဘာများဆိုင်သလဲ။ စိတ်ညစ်တိုင်း အစာမစားဘူး ဒူးကိုပိုက်တယ်။ အဲလိုဆို စိတ်ညစ်များ ပြေရော့လား ပြောစမ်းပါဦးကွ''

''မသိတတ်နေဘူး''

ဘယ်တော့ရယ်မဆို မျက်နှာငယ်လေးနဲ့။ ကိုယ့်ကိုယ်ကိုယ် အငယ်အနှောင်းရဲ့သား နင်းပြားလေးဖြစ်ခဲ့ဖူးတာမေ့ထားပြီး အတုပဲဆိုဆို ရာထူးအာဏာဂုဏ်ရှိန်နဲ့ နေနေရတဲ့ ဘဝမှာကွယ် ဂုဏ်ရှိန်ကလေးများ မောက်ကြည့်ပါဦးတော့လား။

တောင်ပံတစ်ခတ် ချစ်တစ်သက်Où les histoires vivent. Découvrez maintenant