Episode 2

330 53 0
                                    

(Unicode)

အပိုင်း (၂)

''ကိုယ်ရံတော်ကြီး အခစားဝင်ပါတယ်''

ဟန်ရှန့်ကုန်း အသိပေးစကားအဆုံးမှာ တံခါးပွင့်တာနဲ့ ကိုယ့်အဝင်တောင် မစောင့်ဘဲ တံခါးဝဆီ ပြေးလာတယ်။ အနား ရောက်လာတဲ့ ဘတ်ခ်ဟျွန်းက အများအမြင်မှာ သင့်တော်သလား မသင့်တော်သလား မစဥ်းစား ကိုယ့် လက်ချောင်းတွေကို လာဆွဲတယ်။  မထုံးဖွဲ့ရသေးတဲ့ ဆံပင်တွေဟာ ကပိုကရို၊ ညအိပ်မပျော်တာကြောင့်ရယ်ပဲလား မျက်ကွင်းတွေညိုလို့ မျက်နှာလေးက နွမ်းလျလို့။ မယ်မယ်ဖုရား အယောင်ဆောင်လေးက သနားချင့်စဖွယ်။

တံခါးဝရယ်ကြီးရယ်မို့ စောင့်ကြည့်နေတဲ့ မျက်လုံးတွေ၊ စွင့်ထားတဲ့ နားတွေက သိပ်များတာကြောင့်

''အထဲဝင်မယ်''

လက်ကို မဖြုတ်ဘဲ ချိတ်ရက်ကလေး ပါလာတယ်။ 

အိပ်ယာထက်က ပိုးစောင်ဟာ ခေါက်လျက်သားအတိုင်း၊ စောင်အခင်းက အရာမယွင်း ပြန့်ပြူးလို့။

''ညက မအိပ်ဘူးလား''

''အိပ်လို့ မပျော်ဘူး''

''မနက်စာလည်း မသုံးဆောင်ချင်ဘူးလို့ မိန့်တယ်ဆို''

''စားလို့လည်း မဝင်ဘူး''

အပူတွေဆိုတာလေ အနားနီးရင် ကူးပုံများပြောပါရော့တယ်။ ရင်ထဲမှာ လေပူတွေ ဆန်တက်လာတာကြောင့် ကိုယ့်မှာ သက်ပြင်းမောချမိတယ်။

''ကိုယ် အခစားဝင်ရင် ခန်းဆောင်အတွင်းကပဲ စောင့်ရမယ်။ ပြေးထွက်မလာရဘူး''

''အနားမှာ ရှိနေပေးမယ်ဆိုပြီး ခုမှပေါ်လာတယ် ~''

''လက်ကို မဆွဲရဘူး''

''အနားမှာ ရှိနေပေးမယ်ဆိုပြီး စကားလည်းမတည်ဘူး~''

''အရှင့်မိဖုရားနဲ့ ကိုယ်ရံတော် တစ်ယောက်က လိုတာထက် အများကြီး ရင်းနှီးကျွမ်းဝင်ပြဖို့ မသင့်တော်ဘူး ဆင်ခြင်ရမယ်''

''ကိုယ်ရံတော်ဆို ဘေးမှာရှိနေပေးလေ.. နော်''

သတိပေးသမျှ ကြားရဲ့လား၊ နားမှထောင်နေပါရဲ့လား။ တုံ့ပြန်စကားတိုင်းရဲ့ ဦးတည်ရာနဲ့ ရည်ရွယ်ချက်ဟာ တစ်ခုတည်းဖြစ်နေပါလား။

တောင်ပံတစ်ခတ် ချစ်တစ်သက်Where stories live. Discover now