(Unicode)
အပိုင်း (၄)
ဟန်ရှန့်ကုန်း မျက်နှာမကောင်း။ ကိုယ်ရော ဘာထူးလဲ စိတ်တွေ လေးလံနေလိုက်တာ။ ဒီနေ့ မိဖုရားတွေ ဆုံဖို့ရာ မိဖုရားခေါင်ကြီးက ဆင့်ခေါ်ထားတယ်။ တစ်နေ့ကမှ ကင်အမတ်နဲ့ ဆုံထားတာ မကြာသေး။ ကောက်ခါငင်ခါ ဆင့်ခေါ်ခြင်းမို့ အကြံအစည်တစ်ခုခု မရှိမှ နေရော့မယ်။
''ကျွန်မတော့ သိပ်စိတ်ပူတာပဲ''
ကိုယ်တွေမှာ ကွယ်ရာမှ ကြိတ်ပြီး ဖွင့်ဟရတယ်။ ကိုယ်တို့ ဒီလောက် ပူပန်စိုးရိမ်နေကြောင်း ဘတ်ခ်ဟျွန်းသိသွားရင် လန့်ရှာမှာ။ ခုတောင် မျက်နှာငယ်လေးနဲ့ မှတ်သားစရာတွေကို တတွတ်တွတ်ရွတ်လို့။
''မိဖုရားခေါင်ကြီးကို ပထမဆုံး အရိုအသေပေးရမယ်။ ပြီးရင် မြောက်နန်းမိဖုရားငယ်၊ ပြီးမှ တောင်နန်းမိဖုရားငယ်။ ဟုတ်တယ်နော် ရှန့်ကုန်း''
အနောက်ဆောင်မှ မိဖုရားငယ်က အဆင့်အရ အနိမ့်ဆုံးဖြစ်တယ်။ ဒါ့ကြောင့်လည်း ကိုယ်တို့မှာ အစိုးရိမ်ပိုနေရတာ။ အရှင်မင်းကြီး အချစ်မြတ်နိုးဆုံးဖြစ်တာကြောင့် မာနထောင်လွှားတာမျိုးလည်း ရှိခဲ့တော့ ပြောရရင် မိဖုရားခေါင်ကြီးလောက် မဆိုးပေမဲ့ ကျန်မိဖုရားနှစ်ပါးကလည်း ဆိုရာမိဖုရား ကို အမြင်ကြည်ကြတာမဟုတ်။ ဆိုရာမိဖုရားအစစ်တုန်းကတော့ အနိုင်ကျင့်လာသမျှ ကွေ့ပတ်ရှောင်ရှားနိုင်ခဲ့တယ်။
ဒီကလေးပုံစံလေးနဲ့ဆိုရင်တော့.. ဟူး..
''ကြည့်.. ခုထိ မှားနေပြန်ပြီ။ မိဖုရားခေါင်ကြီးပြီးရင် တောင်နန်းမိဖုရားပါဆို။ သူက တစ်ဆင့်ပိုမြင့်တယ်လေ။ သေချာ မမှတ်သားထားဘူးလား။ ဒီလိုပုံနဲ့ အကုန် ပေါ်ကုန်မပေါ့ ခက်ရော့တယ်''
''တောင်းပန်ပါတယ်။ ဘတ်ခ်ဟျွန်းနီးကိုက တုံးအတာပါ''
ခေါင်းကိုငုံ့ မျက်လုံးနှစ်ဖက်ကို လက်နဲ့ပွတ်ဖို့ ပြင်လာပြီ။
''ကျစ်.. မပွတ်နဲ့လေကွာ။ သွားရခါနီးတော့မယ်ကို။ ရဲကုန်မယ်''
စို့လာတဲ့ မျက်လုံးထောင့်က မျက်ရည်စကို ကိုယ့်မှာ အသာ ဖယ်ပေးရတယ်။ ရှန့်ကုန်းလည်း စိတ်ပူပူနဲ့ ဆူပြီးကာမှ ပြန်ချော့တယ်။
![](https://img.wattpad.com/cover/326928414-288-k582463.jpg)
YOU ARE READING
တောင်ပံတစ်ခတ် ချစ်တစ်သက်
Fanfictionတစ်သက်စာအတွက် သေချာသွားဖို့လေ ... လိပ်ပြာလေးတစ်ကောင် တောင်ပံ ဖျပ်ခနဲခတ်လိုက်သလို အချိန်လေးပဲ လိုပါတယ်။ ဒီဘဝတင်မက နောက်ဘဝ နောက်ဘဝတွေတိုင်းမှာပါ အတူရှိချင်မိတဲ့ လူက ကိုယ်ရံတော်ကြီးပါပဲ။ လေပြေဝေ့တဲ့အခါ ကြွေကျသွားတဲ့ သစ်ရွက်ကလေးလို ကျွန်တော့်နှလုံးသား...