(Unicode)
အပိုင်း (၅)
မိဖုရားတစ်ပါးအနေနဲ့ တတ်မြောက်ရမယ့် အမှုကိစ္စတွေကို ဘတ်ခ်ဟျွန်းနီး တကယ်ပဲ ကြိုးကြိုးစားစား သင်ယူလာတယ်။ သူ့ကြောင့် ကိုယ်တို့ နှစ်ယောက်ကို မထိခိုက်စေချင်တဲ့ စိတ်ကလေးရယ်နဲ့ သူကပဲ အပင်ပန်းခံရှာတယ်။
ပြီးတော့ အပိုထပ်ဆောင်း အားထုတ်မှုလေးတွေ ရှိသေးတယ်။ ဒါတွေကတော့ ရှန့်ကုန်းကြီး စိတ်ညစ်ရတာတွေပေါ့။
ရှေ့ခါတွေတုန်းကတော့ ရှန့်ကုန်းရယ် ''ဘတ်ခ်ဟျွန်းနီးလေ ကြိုးကြိုး စားစား မသင်ယူဘူး''လို့ ကိုယ့်ဆီ လာတိုင်တောသလို ခုခါကျ ပြန်တော့လည်း ''တားပါဦး ကိုယ်ရံတော်ကြီး ရယ်'' တဲ့။ ဘတ်ခ်ဟျွန်း ဖွသမျှ လိုက်ရှင်းရတာ မောလှပြီကိုး။ တစ်ခါတစ်ခါဆို တလွဲတွေ လုပ်ပြီး သူ့ကို လာဖြေရှင်းခိုင်းတတ်တာတွေကြောင့်လည်း ခေါင်းမွှေးတွေ ဖြူရပါတော့မယ်တဲ့။
''ခုရော ဘာဖြစ်ပြန်ပြီလဲ''
''ဆန်မုန့်လုံးလုပ်နည်း သင်ယူချင်တယ်ဆိုလို့ သင်ပေးလိုက်တာလေ။ ရှေ့တစ်နေ့ကကျ ဆန်မှုံ့နဲ့ ဂျုံမှုံ့ မှားသွားလို့တဲ့။ မနေ့ကကျ ငန်သွားလို့ ပြင်ပေးဦးတဲ့။ ဟော ဒီနေ့ ဘယ်လိုတွေ လုပ်လာဦးမယ် မသိဘူး''
ကိုယ့်မှာ မျက်ရည်ကျသည်ထိ အော်ရယ်မိတော့တာ။
အဲ့ရှေ့တစ်နေ့က မုန့်လုံးခွက်လေးနဲ့ သူ့နားရောက်လာပ။ ပုံစံနှစ်မျိုး ကွဲလေးကို တစ်လုံးစီ ကောက်မြည်းပေးပြီး..
''ဒီတစ်ခုက ပိုကောင်းတယ်။ ဟောဒါတွေကကျ ဂျုံမှုန့်နဲ့လားလို့ ကိုယ်က ဂျုံသိပ်မကြိုက်ဘူးကွ ''
''ဒီကောင်းတဲ့တစ်ခုကလေ ဘတ်ခ်ဟျွန်းနီးလုပ်ထားတာ။ ဟော့ဂျုံတွေနဲ့ဟာက ရှန့်ကုန်းလုပ်တာ''
မနေ့ကလည်း ခွက်ကလေးကိုင်ပြီး ရောက်လာပြန်တယ်။
''တချို့အလုံးတွေက အနည်းငယ် ငန်သလားပဲ''
''အဲ့ဒါ ရှန့်ကုန်းကြီး လုပ်တာရယ်လေ။ စားကောင်းတာတွေက ကျွန်တော် လုပ်ထားတာ''
ဒီလိုတွေ ညာတာပါတေးလေးလုပ်သွားခဲ့ကြောင်း ဟန်ရှန့်ကုန်းသိရင် သွေးတက်ရချည်ရဲ့။
YOU ARE READING
တောင်ပံတစ်ခတ် ချစ်တစ်သက်
Fanfictionတစ်သက်စာအတွက် သေချာသွားဖို့လေ ... လိပ်ပြာလေးတစ်ကောင် တောင်ပံ ဖျပ်ခနဲခတ်လိုက်သလို အချိန်လေးပဲ လိုပါတယ်။ ဒီဘဝတင်မက နောက်ဘဝ နောက်ဘဝတွေတိုင်းမှာပါ အတူရှိချင်မိတဲ့ လူက ကိုယ်ရံတော်ကြီးပါပဲ။ လေပြေဝေ့တဲ့အခါ ကြွေကျသွားတဲ့ သစ်ရွက်ကလေးလို ကျွန်တော့်နှလုံးသား...