Unicode
အပိုင်း (၇)
''ဆိုတော့ကျ ဒီအချိန် ချန်ယောနဲ့ရော ဟော့ဒီ့က ရှန့်ကုန်းအိုကြီးနဲ့ပါ ရယ်ရယ်မောမောစကားဆိုမှာတဲ့။ မဟုတ်တာတွေ ပြောရော့တယ်။ ဘတ်ခ်ဟျွန်းနီးက သိပ်ဆိုးတာပဲ''
ရှန့်ကုန်းက ပြောရင်း မျက်ရည်စကို တို့သုတ်တယ်။
''ကိုယ်ရံတော်ကြီးက ဘယ်ရောက်နေလို့ ကင်အမတ်က ခေါ်လာခဲ့သလဲ''
အဲ့ဒီ့အတွက်ကြောင့် သူ့မျက်နှာလေးကိုတောင် စေ့စေ့ မကြည့်ရဲပါဘူး ရှန့်ကုန်းရယ်။ သူ ကိုယ့်နာမည်ကို အားကိုး တကြီးရေရွတ်နေချိန်မှာ ကိုယ်ကတော့ အနားရောက်အောင် မသွားနိုင်ခဲ့ဘူး။
ဒါနဲ့များ မင်းဘေးမှာ ကိုယ်ရှိနေမှာမို့ မကြောက်ပါနဲ့တဲ့ ..
ချန်ယောရေ လေလုံးထွားလိုက်လေခြင်း..
''ရင်သွေးလွယ်ထားရတယ်ဆိုလို့ ဝမ်းဗိုက်ကို ကန်သွားကြတာများ။ အတွင်းထဲ ဘာမှမဖြစ်သွားလို့ တော်ရော့တယ်။ အညိုအမဲတွေနဲ့ စိတ်ကိုမကောင်းဘူး တကယ် ''
''ရေ~''
''ဟယ် နိုးလာပြီ၊ ရေတောင်းတာလား ရမယ် ချက်ချင်းကို ရရမယ်''
''ဘတ်ခ်ဟျွန်းနီးအတွက် မဟုတ်ပါဘူး။ ရှန့်ကုန်းကြီးကို သောက်ခိုင်းတာ မောနေမစိုးလို့''
''ဒီအဖွားကြီးကို ပြောဆိုချင်တာနဲ့ပဲ နိုးလာလာခြင်း အားတွေ သိပ်သုံးနေ ဟုတ်လား''
ရှန့်ကုန်းနဲ့ သူ စကားဆိုနေကြစဥ် ကိုယ့်မှာ ဆုပ်ကိုင်ထားမိတဲ့ သူ့ လက်ဖမိုးလေးဆီကိုပဲ အကြည့်ပို့လို့ နေမိတယ်။
''ချန်ယော''
ကိုယ့်အပြစ်ပါ..
နန်းတော်ထဲ ခေါ်သွင်းခဲ့ဖို့ စေခိုင်းတဲ့ အရှင့်အမိန့်ကို နာခံလိုက်မိတည်းက ကိုယ့်အပြစ်ပါ..
ဗိုက်ကလေးကို ဖိပြီး ထထိုင်တယ်။ လက်နှစ်ဖက်ကို ဆန့်တန်းလာတယ်။
''ချန်ယော~ လာပါဦး''
ကိုယ့်မှာ ခေါင်းကို ပိုတိုးလို့ ငုံ့မိတယ်။ ဘယ်စိတ်နဲ့များ ပွေ့ဖက်ခြင်းကို လက်ခံရပါ့။ ကိုယ်ဟာ မင်းရဲ့မြတ်နိုးမှုတွေနဲ့ ထိုက်မှ ထိုက်တန်ပါရဲ့လား။
YOU ARE READING
တောင်ပံတစ်ခတ် ချစ်တစ်သက်
Fanfictionတစ်သက်စာအတွက် သေချာသွားဖို့လေ ... လိပ်ပြာလေးတစ်ကောင် တောင်ပံ ဖျပ်ခနဲခတ်လိုက်သလို အချိန်လေးပဲ လိုပါတယ်။ ဒီဘဝတင်မက နောက်ဘဝ နောက်ဘဝတွေတိုင်းမှာပါ အတူရှိချင်မိတဲ့ လူက ကိုယ်ရံတော်ကြီးပါပဲ။ လေပြေဝေ့တဲ့အခါ ကြွေကျသွားတဲ့ သစ်ရွက်ကလေးလို ကျွန်တော့်နှလုံးသား...