(Unicode)
အပိုင်း (၃)
''အထဲမှာချည်း အောင်းနေလို့ မဖြစ်ပါဘူး''
''ဟန်ရှန့်ကုန်းကလည်း~''
''ပန်းဥယျာဥ်ထဲ လမ်းလျှောက်ရုံပဲကို မယ်မယ်လေးကလည်း~''
စကားအဆိုအပြန်က ကာရန်တောင် ကိုက်နေလိုက်ကြသေး။ ဘတ်ခ်ဟျွန်းအကြောင်း ကြာလေ ပိုသိလာလေရယ်။ ဒီကလေးနဲ့အပြိုင် ပြောဖို့ဆို ကိုယ်တို့လည်း သူလေးစကားအတိုင်း ပြန်ဆိုပေးမှကို ဖြစ်မှာ။
''မသွားချင်လို့ပါဆို~ နော် ~''
ဟန်ရှန့်ကုန်းကြီး သူ့လက်သူ အသာဆွဲဆိတ်နေတာကို မြင်လိုက်မိတော့ ကိုယ့်မှာ ရယ်ချင်စိတ်ကို မနည်းအောင့်ရတယ်။ သူ့ကလေးက အပျော့ဆွဲချွဲနွဲ့လို့ စကားဆိုလိုက်တိုင်း ဟန်ရှန့်ကုန်းမှာ တထစ်လျှော့လျှော့ပေးမိတာကိုး။ ဆိုတော့ ခုလည်း ရှန့်ကုန်းခမျာ သူ့ကိုယ်သူ သတိပေး စိတ်တင်းနေရှာတာ။
''ရောက်တာ လတောင်ပြည့်လုရော့မယ်။ အပြင်ထွက်တဲ့ ရက်က လက်ချိုးရေလို့ရတယ်။ ကြာရင် လူတွေရဲ့ သိချင်စိတ်ကို တိုးစေပါ့မယ်''
''စကားအပြောအဆို အမူအယာတွေက စိတ်မချရသေးဘူးတဲ့ ဟန်ရှန့်ကုန်းကြီး ကိုယ်တိုင်ပြောထားလို့ပါ ချန်ယောရဲ့။ အဲဒါကြောင့်လေ မထွက်ရဲဘူး''
ရှေ့ရက်တွေတည်းက ရှန့်ကုန်းဆီမှ တိုင်တောစကားတွေ နားဆင်ခဲ့ရပြီးသားရယ်။
''ဒီကလေးရယ်လေ ကြိုးကြိုးစားစား မသင်ယူဘူး ကိုယ်ရံတော်ကြီး'' တဲ့။
ကိုယ် နည်းနည်း မာန်ပေးမယ်ဆိုတော့လည်း...
''ဆိုရာမယ်မယ်က မာနထောင်လွှားတဲ့ စရိုက်ရှိတယ်။ ကလေးက မာန်မာနကင်းတယ်။ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ ပင်ကိုယ်အကျင့်စရိုက်ကို ပြောင်းပြီး ထပ်တူကျဖို့ ကြိုးစားရတာ ဘယ်လွယ်မလဲ။ ဆူစရာမှမဟုတ်တာ ကျွန်မပဲ ကြည့်ပြောပါမယ်'' တဲ့။
ကိုယ်ပဲ လူဆိုးဖြစ်ခဲ့ရတာ။
နှစ်ယောက်က တဖြည်းဖြည်း သားနဲ့အမိလို ဖြစ်လာတာ။ တဗျစ်တောက်တောက်နဲ့ ဟန်ရှန့်ကုန်းက တကယ် မာန်ဆိုရင်ကျ မာန်ရက်တာမဟုတ်။ ကလေးခမျာ သူ့ဟာသူတောင် အားငယ်နေရှာမှာအစချီပြီး ကိုယ် ဆိုမယ်လုပ်ရင်တောင် ကာဆီးကာဆီးလုပ်တတ်သေးတာ။
YOU ARE READING
တောင်ပံတစ်ခတ် ချစ်တစ်သက်
Fanfictionတစ်သက်စာအတွက် သေချာသွားဖို့လေ ... လိပ်ပြာလေးတစ်ကောင် တောင်ပံ ဖျပ်ခနဲခတ်လိုက်သလို အချိန်လေးပဲ လိုပါတယ်။ ဒီဘဝတင်မက နောက်ဘဝ နောက်ဘဝတွေတိုင်းမှာပါ အတူရှိချင်မိတဲ့ လူက ကိုယ်ရံတော်ကြီးပါပဲ။ လေပြေဝေ့တဲ့အခါ ကြွေကျသွားတဲ့ သစ်ရွက်ကလေးလို ကျွန်တော့်နှလုံးသား...