Episode 1

659 70 0
                                    

(Unicode)

အပိုင်း (၁)

''ရှေ့ကဖယ်ပါဗျာ။ ကိုယ့်လမ်းကို သွားကြစို့လေ။ မရှုပ်နဲ့တော့နော''

''မင်းကြီးရဲ့ အမိန့်တော်ပါ''

တိုင်းပြည်ပြည့်ရှင်ရေမြေ့သခင် မင်းတရားကြီး အမိန့်ဆိုရင် ကြောက်ဒူး တွေ တုန်လို့ ရိုကျိုးနေသင့်တာမဟုတ်လား။ အရှေ့မှ ကောင်ငယ်လေးကတော့ အကြောက်အလန့်မရှိတာပဲလား ကိုယ်ကပဲ လာနောက်နေတယ် ထင်တာလား။ အကြည့်တစ်ခုတောင် သေချာမပေးဘဲ ကိုယ့်ကို ထားရစ်ခဲ့ပြီး လေနဲ့အတူ ပါလာတဲ့ သစ်ရွက်လေးတွေကို လိုက်ဖမ်းတယ်။ 

လက်တစ်ဆုပ်စာတောင် မရှိချင်တဲ့ လက်မောင်းလေးကို ဖမ်းဆွဲပစ်လိုက်တယ်။ ကိုယ့်လက်ချောင်းတွေဆီမှ လွတ်အောင် ကြိုးစားတော့ ခါချရှာသား။ ဒီလောက်ခွန်အားလေးရယ် ကိုယ့်အတွက် ဘယ်ဖြုံပါလိမ့်မလဲ။ ဆတ်ဆို ဆွဲချလိုက်တော့ ကိုယ့် ရင်ခွင်ထဲကို အင့်ခနဲနေအောင် အလုံးလိုက်လေး ပစ်ဝင်လာတယ်။

မျက်နှာချင်း နီးကပ်သွားတဲ့အခါ မသင့်တော်တာကြောင့် ဆုပ်ကိုင်ထားမိတဲ့ လက်မောင်းလေးကိုလွှတ်ပေးလို့ နောက်ကို အသာယို့ကာ ဆုတ်တော့ ကိုယ့် ခြေလှမ်းတွေအတိုင်း ကောင်ကလေးရဲ့ ခြေလှမ်းလေးတွေ တထပ်တည်း ပါလာတယ်။ ခေါင်းကလေးမော့ကာ ကိုယ့်မျက်နှာကို ကြည့်လို့ ရင်ခွင်ထဲ ထပ်တိုးဝင်မတတ်ရယ်။ 

နားကြားမမှားဘူးဆို ''ဝါး~''ဆိုတဲ့ အာမေဋိတ်သံလိုလို အသံတိုးတိုးလေးကို ကြားလိုက်မိသလားပဲ။ ကောင်လေးရဲ့ ခေါင်းဆောင်းမှတဆင့် မေးကို သိုင်းလို့ချည်ထားတဲ့ မိုးပြာရောင်ကြိုးလေးက ဝေ့တိုက်သွားတဲ့လေနဲ့အတူ တလွင့်လွင့်။ 

''အရှင်က ဆင့်ခေါ်ခြင်းပါ။ ငြင်းပယ်လို့ မရရိုးရယ်ပါ''

ဘာစကားကိုမှ တုန့်ပြန်မှု ပေးမလာပြန်ဘူး။

စိတ်ရှိတိုင်းသာဆို ပုခုံးပေါ် ကောက်တင်လို့ ထမ်းသွားလိုက်ချင်သား။ နားဝင်အောင် စကားတွေ အရှည်ကြီး၊ အများကြီးပြောလို့ ရှင်းပြ ရမှာမျိုးက ကိုယ့်ပုံစံမဟုတ်။ စိတ်ညစ်စွာပဲ သက်ပြင်းတစ်ချက်ချကာ ကောင်လေးကို ငုံ့ကြည့်လိုက်တော့ ဆုံသွားတဲ့ မျက်ဝန်းလေးတွေ။ အတန်ကြာသည်ထိ မျက်ဝန်းလေးတွေရဲ့လားရာက ကိုယ့်မျက်နှာထက်မှ ခွာမသွား ရစ်တဝဲ လည်လည်ရယ်နဲ့ အမေးစကားလေးဆိုလာတယ်။

တောင်ပံတစ်ခတ် ချစ်တစ်သက်Where stories live. Discover now