Ep-13(Unicode)

18.9K 2K 69
                                    



အချမ်းဓာတ်ပိုနေသော မနက်ခင်းတစ်ခု။သင်္ဘောစက်သံ တိတ်သွားသော်လည်း လှိုင်းပုတ်သည့်အသံကြားနေရဆဲဖြစ်သည်။ညိုခွန်း ဆန်အိတ်ပေါ် လဲနေရာကနေ ထပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်သော်လည်း သင်္ဘောဝမ်းဗိုက်ထဲမှာမို့ ဘယ်နေရာ ရောက်နေလဲဆိုတာ မမြင်ရ။ဘေးမှာ ဟိုလူကြီးလည်းမရှိတော့ပေ ။အပေါ်ထပ် ရောက်နေတာဖြစ်မည်။

ကျောပိုးအိတ်ကိုသယ်ပြီး လိုက်ဖို့လုပ်တော့ တိမ်နက်က လှေကားထစ်ကနေ ဆင်းလာနေသည်။ထို့နောက် သူ့ကိုမြင်တော့ တစ်ဝက်ကနေရပ်နေပြီး   ခါးကိုကိုင်းကာ လှမ်းကြည့်ရင်း

"ရောက်ပြီ"

ပြန်လည် ခေါင်းညိတ်ပြပြီး လွယ်အိတ်ကြိုးကို ဆုပ်ကိုင်ထားသော လက်အား ပို၍ခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်။ဘယ်နယ်မြေကို ရောက်နေလဲ ၊ ဘယ်သူတွေဆီသွားရမလဲ ညိုခွန်းမသိ။ သူ သိတာ ဘေးမှာ တိမ်နက်ရှိနေဖို့သာ အရေးကြီးသည်။

အလင်းရောင် သိပ်မရသေးသော ဝေလီဝေလင်းအောက်မှာ မျက်စိတစ်ဆုံး ကျယ်ပြန့်နေတဲ့ ပင်လယ်ပြင်ကြီး။တခြားတစ်ဖက်တွင် သဲသောင်ပြင်နဲ့  စိမ်းလန်းသော အပင်တွေကြားမှာ အုန်းပင်ရှည်များ။သောင်ပြင်ပေါ်တွင် အသားညိုညို ဖြင့် ထွားကြိုင်သော လူအနည်းစု သွားလာလှုပ်ရှားနေကြသည်။ ပိန်းရိုင်း ပိုက်ဆံပေးလိုက်သော သင်္ဘောပေါ်က လူဟာ သူ့ခါးမှာ ထိုးထားသော သေနတ်ပေါ် လက်တင်ရင်း ဆင်းသွားဖို့ ပြောသည်။ ခြိမ်းခြောက်တဲ့သဘောတော့မဟုတ်။စိတ်ချရတဲ့အထိ သူလှမ်းကြည့်နေမယ်ဆိုသည့်ဟန်။

ကုန်းပေါင်ပေါ်က ဆင်းလိုက်တာနဲ့ အောက်မှာ ရေက ဒူးတစ်ဝက်ကျော်လောက်ထိ ရှိသည်။သောင်ပြင်ပေါ်ရောက်ဖို့ ဝါးတစ်ပြန်စာလောက်လိုသော အချိန်တွင် အရှေ့မှ ရှိနေသော တိမ်နက်ရဲ့နောက်ကျောနား ပိုနီးအောင်ကပ်လိုက်သည်။သင်္ဘောပေါ်က လူက အခုထိ လှမ်းကြည့်နေဆဲ။

သူတို့ သောင်ပြင်ပေါ် ရောက်တော့ ကျောက်ဆောင်နားမှာ ရပ်နေသော  လူတစ်စုဟာ ညိုခွန်းနဲ့ တိမ်နက်ကို လှမ်းကြည့်ရင်း အနားရောက်လာကြသည်။အပေါ်ပိုင်း အင်္ကျီမပါ၊ပုဆိုးကို တိုတိုသာ ဝတ်ထားကြပြီး လက်ထဲမှာ ဓားတချို့နဲ့ မျက်နှာများက ခက်ခက်ထန်ထန်။

ဂန္တဝင်လူမိုက်ကြီးကို ချစ်ရေးဆိုမည်Where stories live. Discover now