Ep-17(Unicode)

18.7K 2K 98
                                    




ပင်လယ်ပြင်ကိုဖြတ်တိုက်လာသော လေအေးအေးနဲ့အတူ လှေရဲ့ဘေးဘောင်တွေအား လှိုင်းရိုက်သံများဖြင့် စည်းချက်ညီစွာထွက်ပေါ်နေသည်။အရပ်ရှစ်မျက်နှာလုံးမှာ ရေပြင်ပြာပြာကြီးကလွဲ၍ မည်သည့်အရာမှမရှိ။ ညိုခွန်း လှေရဲ့ညာဘက်ဘေးက ဘောင်တန်းပေါ်လက်ထောက်ရင်း လှိုင်းတွေကို အကြောင်းမဲ့ငေးကြည့်နေမိသည်။

ဝေးလားဝါးလားဖြင့် အဖွဲ့ကြနေသော လူတွေနဲ့လည်း မသိတာကြောင့် စကားလည်းဝင်မပြောဘဲ တစ်ယောက်တည်း ရပ်နေမိ၏။သို့သော် စကားသံတွေတော့ ကြားနေရသည်။

"မင်းမိန်းမ ကလေးပျက်ကျလို့ဆို ကျောက်ဆူး"

ရယ်နေတဲ့အသံတွေက ထိုစကားကြောင့်တိတ်ဆိတ်သွားပြီး ဒေါသသံတစ်ခုက ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်လာသည်။

"အေး ဟုတ်တယ် ကလေးမွေးတာပဲ လုပ်ရတဲ့စောက်ကောင်မတွေက ဒါလေးတောင်ဖြစ်မြောက်အောင်မလုပ်နိုင်ဘူး"

"ကောင်မတွေကတော့ ဒီလိုပဲ ပိုက်ဆံလိုချင်တာတို့ ၊ ဠိုးခံချင်တာတို့ဆို သူတို့ ထိပ်ဆုံးက"

ယောက်ျားတွေရဲ့ ပါးစပ်ကနေကိုယ့်မိန်းမကိုယ် ဒီလောက်မိုက်ရိုင်းတဲ့ အသုံးနှုန်းထွက်လာလိမ့်မယ်လို့ ညိုခွန်းမထင်ခဲ့။ အမျိုးသမီးဖြစ်တာနဲ့ သူတို့အလိုကိုဖြည့်ဆည်းရပြီး ကလေးထွက်လာဖို့ ထုတ်တဲ့ စက်ရုံလို့များ မှတ်ထားလားမသိ။ အောက်တန်းကျလွန်းသည်။နားမခံသာသော စကားတွေနဲ့ ဆက်ပြောနေသော ကျွန်းသားလူအုပ်ဘက် ညိုခွန်းလှည့်လိုက်ပြီး

"ခင်ဗျားတို့ကလည်း အဲ့မိန်းမဆိုတဲ့သူရဲ့ အောက်ပေါက်ကနေ လူဖြစ်လာကြတာပဲ မဟုတ်ဘူးလား"

"မင်းဘာပြောတာလဲ"

ထိုင်နေရာကနေ ဘေးမှာချထားသော လက်နက်ကိုယ်စီကိုင်ပြီး ထလာကြသည်။ညိုခွန်းခြေထောက်ကို အနည်းငယ်နောက်ဆုတ်ကြည့်သော်လည်း အစောကတည်းက သူရပ်နေခဲ့ လှေရဲ့ဘောင်အဆုံးမှာ။ပြောပြီးမှ အနည်းငယ်လန့်လာတဲ့စိတ်က ဘေးမှာတိမ်နက်မရှိဘူးဆိုတဲ့ အသိမှာ ပိုလို့ခြောက်ခြားသွားစေသည်။ထို့ကြောင့် အသက်မပျောက်ရေး မျှော်တွေးပြီး ချောင်းဟန့်လိုက်ကာ

ဂန္တဝင်လူမိုက်ကြီးကို ချစ်ရေးဆိုမည်Onde histórias criam vida. Descubra agora