Ep-10(Unicode)

19.9K 2K 39
                                    




ရှင်းရှင်းလင်းလင်းမမြင်ရသော မနက်(၄) နာရီခန့်အချိန်တွင် မိုးကာနဲ့အုပ်ထားသော ကုန်ကားတွေတန်းစီလျက်ရှိသည်။အရေအတွက် အတိအကျဆိုရလျှင် အစီးရေ (၃၀) ။

အရှေ့ဆုံးကားမှာ ထွန်းခိုင်နဲ့ သိန်းမြင့်ဖြစ်ပြီး နောက်ကားမှာ မိုးတိမ်နက် ကိုယ်တိုင်မောင်းလာခဲ့ခြင်းဖြစ်သည်။ကျွန်းသစ်ကားကို အယောင်ပြပြီး သူတို့က တခြားတစ်ဖက်ကနေ သူ့ထက်တန်ဖိုးကြီးသောအရာကို သယ်ဆောင်ခြင်းပင်။ အကယ်၍ ကျွန်းသစ်အစီး၂၀ ပါသွားခဲ့ရင်လည်း ယခု အစီးသုံးဆယ်မှာပါတဲ့ ပစ္စည်းရဲ့အမြတ်နဲ့ ပြန်ချေပရင်တောင် ပိုက်ဆံပို၍နေသေးသည်။ထို့ကြောင့် အတွင်းလူသစ္စာဖောက်ခဲ့ရင်တောင် မမူဘဲ လေးကြိုင်က လှုပ်ရှားခိုင်းခြင်းဖြစ်သည်။

တစ်လမ်းလုံး ဖြောင့်ဖြူးနေသော်လည်း  အနီရောင်သစ်သားတန်းရှိသည့်နေရာတွင် တဲထဲမှ တစ်ယောက်ခပ်သုတ်သုတ်ထွက်လာသည်။အရှေ့ဆုံးကားထဲကနေ သိန်းမြင့်ဆင်းလိုက်ပြီး စာအိတ်နှစ်အိတ်ကို ကပ်တိုးပေးလိုက်၏။ထိုလူက ထူတဲ့အိတ်ကိုဖောက်ကြည့်ပြီးအရေအတွက်စစ်ကာ နောက်တစ်အိတ်ကို ထပ်ဖောက်သည်။ထိုအရာကတော့ အင်္ဂလိပ်လိုရေးထားတဲ့ လေးကြိုင်ရဲ့ လက်ရေးခပ်သော့သော့ပါသော စာရွက်ပင်။ထိုလူက သေချာဖတ်ပြီးသည်နှင့် အရှေ့မှာ ရပ်နေတဲ့ သိန်းမြင့်​ကို ခေါင်းတစ်ချက်ညိတ်ပြကာ သွားလို့ရကြောင်းပြောသည်။

ထိုအခါ အနောက်က ကားတန်းကြီးကို သိန်းမြင့်က လက်မြှောက်အချက်ပြလိုက်ပြီး သူကိုယ်တိုင်လည်း ကားပေါ်တက်ဖို့ပြင်လိုက်ချိန် သေနတ်သံတစ်ချက်နဲ့အတူ သူ့ရဲ့ ညာဘက်ခြေသလုံးညွှတ်ကျသွားလေသည်။

"တောက် !  ငါ-ိုးမသားတွေ "

ထွန်းခိုင်က ခပ်ကျယ်ကျယ်ဆဲကာ ကားတံခါးမှာတန်းလန်းဖြစ်နေသော သိန်းမြင့်ကို အရင်ဆွဲတင်သည်။ထို့နောက် ပင့်တင်မပေးသေးသော အနီရောင် သစ်သားတန်းကို အရှိန်နဲ့ တိုက်ဖြတ်မောင်းနှင်လိုက်ပြီး ဒေါသစိတ်ကြောင့် အဆက်မပြတ်ဆဲနေလေ၏။

အနော​က်မှာကျန်ခဲ့သော ကားတန်းမှာလည်း သေနတ်သံတွေကြား မောင်းပြေးသူကပြေး မိတဲ့ကားကမိနဲ့ ဝရုန်းသုန်းကားဖြစ်ကာကျန်ခဲ့လေသည်။

ဂန္တဝင်လူမိုက်ကြီးကို ချစ်ရေးဆိုမည်Where stories live. Discover now