Ep-4(Unicode)

22.8K 2.2K 226
                                    


တဘတ်ကို ပုခုံးပေါ်မှာလွှားပြီး ပုဆိုးတစ်ထည်ဖြင့် ရေချိုးဆောင်ဘက်ထွက်လာလိုက်သည်။ထသတ် တော့မယ့်နှစ်ယောက်က တန်းစီချိန်ရောက်ပြီဟု ဆိုကာ ထွက်သွားသောကြောင့် ညိုခွန်း စိတ်အေးလက်အေး ခဏနားပြီးမှ ရေချိုးဆောင်လိုက်ရှာရသည်။

သူတို့နှစ်ယောက်မသွားခင် နေရာညွှန်ခဲ့သော်လည်း အခုမှ ပထမဆုံး ရောက်ဖူးတဲ့ ညိုခွန်းအတွက်တော့ ကျယ်ဝန်းတဲ့ခြံကြီးကို တိတိကျကျဦးတည်သွားရန်မလွယ်လှ။အိပ်ဆောင်တွေအကုန်လုံးကို အနောက်ဘက်မှ ဖြတ်ကျော်ပြီးချိန် အမိုးစင်ပုံစံဖြင့် စိုက်ထားသော စပျစ်ခင်းကြီးကိုတွေ့လိုက်ရသည်။

ဒါကိုဖြတ်သွားပြီးမှ ရေချိုးဆောင်ရောက်မည်ဖြစ်တာကြောင့် တံခါးမရှိသော ထိုစပျစ်ခင်းထဲ ဝင်လိုက်ချိန် နေရောင်မကျရောက်၍ အချမ်းဓာတ်က အေးမြမြ။ညနေခင်းအလင်းရောင် ပိုမှိန်သွားပြီး ခေါင်းအထက်တွင် စိမ်းစိုနေသော စပျစ်သီးခိုင်များ တွဲလဲခိုနေသည်။

ပြွတ်သိပ်နေသော စပျစ်သီးတွေက ညိုခွန်း စိတ်အာရုံကို ဖမ်းစားကာ မော့မကြည့်ဘဲ မနေနိုင်။လမ်းလည်းဖြောင့်နေတာကြောင့် အပေါ်ကိုငေးလျက်လျှောက်လာပြီး တစ်နေရာတွင် ခြေထောက်အောက်၌ တစ်စုံတစ်ခုနင်းလိုက်မိသည်။

ငုံ့ကြည့်လိုက်တော့ ပထမဆုံးမြင်လိုက်ရသည်က စူးရဲစွာ ညိုခွန်းထံစိုက်ကြည့်နေသော အညိုရောင်မျက်လုံးတစ်စုံ။ချွန်မြနေသော နှာတံအောက်က အညိုဖျော့ရောင်နှုတ်ခမ်းလွှာဟာ အံ့ကြိတ်မှုနဲ့အတူ ခပ်တင်းတင်းစေ့ပိတ်ထားသည်။သပ်ရပ်စွာလှန်တင်ထားတဲ့ ဆံပင်အနက်ရောင်က နှဖူးပြင်ပေါ်မှာ အနည်းငယ်ပြေလျှော့လျက် နားထင်ကချွေးစတို့နဲ့အတူ ကပ်နေ၏။

ရုတ်တရက် မြင်လိုက်သော အသွင်သဏ္ဍာန်ကို အကဲခတ်ကာ အကြည့်မလွှဲနိုင်။ညိုခွန်းကဲ့သို့ အပေါ်ဝတ်မပါသော ညိုစိမ့်စိမ့် ကျောပြင်ကျယ်ကြီးပေါ်က အနာရွတ်တွေဟာ ထိုလူရဲ့ ခက်ထန်ပုံကို အားပေးအားမြှောက်ပြုနေသလို။

"ငါ့လက် !"

"ဗျာ"

ကိုသိန်းမြင့်ထက်ကို ခပ်ပြတ်ပြတ်နဲ့ ဩရှသော အသံကြောင့် ညိုခွန်း အထိတ်တလန့်ဖြင့်ပြန်ထူးသည်။ထိုအခါ အကြည့်တွေက ပိုမိုစူးရဲလာပြီး

ဂန္တဝင်လူမိုက်ကြီးကို ချစ်ရေးဆိုမည်Where stories live. Discover now