Ep-3(Unicode)

22.8K 2.3K 76
                                    



အထုပ်ကလေးပိုက်ပြီး ကြောင်တောင်တောင်ဖြစ်သွားတဲ့ ညိုခွန်းပုံစံကိုကြည့်ကာ ကောင်းသန့်က ခွက်ထိုးခွက်လန်ရယ်သည်။သူစလို့ ဝပြီဆိုမှ ညိုခွန်းပုခုံးကို လာပုတ်ပြီး

"ငရဲလမ်းဆိုတာ လမ်းနာမည်ပါကွာ ဒီနားတစ်ဝှက်ပဲ ချုံထနေတာ ဟိုဘက်မှာရွာရှိတယ် ဟားဟား  လန့်သွားတယ်မလား"

"လန့်မနေဘူး ငါကမင်းကိုတောင်ပြန်ရောင်းစားမယ့် ကောင်"

"ဟုတ်ပါပြီ"

ကိုယ်နေတဲ့မြို့မှာတောင် နေရာစုံမရောက်ဖူးတဲ့ ညိုခွန်းအတွက် တကယ်သွေးဆောင့်တက်ပြီးတောင် လန့်ပါတယ်။ ကောင်းသန့်က ယုံကြည်ရတဲ့တစ်ဦးတည်းသော သူငယ်ချင်းမို့သာ ဟန်မပျက်ပြန်စနှောက်နိုင်တာ။ဒါကို အခုထိ ရယ်ချင်တာ အောင့်ထားတဲ့မျက်နှာနဲ့ ငနဲကလည်းသိတယ်။

အထုတ်ကိုတစ်ချက်ပင့်ပိုက်လိုက်ပြီး အရှေ့ကသွားနေတဲ့ ကောင်းသန့်အတိုင်း ရထားလမ်းပေါ်ကဆင်းသည်။ သူတို့ဦးတည်ရာက မြေရိုင်းလွတ်မဟုတ်တဲ့ ချုံနွယ်ပင်တွေဘက်။
မြက်ပင်တွေပေါ် ခြေထောက်ချမိတော့ အနည်းငယ်အိပြီးကျွံ့ဝင်သွားသော်လည်း ခြေထောက်မြုပ်ရုံအထိတော့မဟုတ်။ ညိုခွန်းရဲ့ သရေဖိနပ်မှာ ဗွက်ကပ်ပါလာရုံသာ။

"သေချာဆင်း   ချောင်းရှိတော့ မြေက အစိုဓာတ်ရှိပြီးချော်နေတာ"

"အေး"

တစ်ချက်တစ်ချက် ခြေချော်သွားသော်လည်း ပြစ်လဲခြင်းတော့မရှိ။ရွံ့မြေကိုလွန်တော့  မြေနီလမ်းခင်းထားသော လမ်းမတစ်နေရာကိုတွေ့သည်။ဘေးမှာ သစ်သားနဲ့ရိုက်ထားတဲ့ ဆိုင်းဘုတ်လေးတစ်ခု။စာလုံးအနီနဲ့ရေးထားတာက ငရဲလမ်းတဲ့။ ကြံကြံဖန်ဖန် ကြက်သီးထစရာကောင်းအောင် ပေးတတ်ပ။

လမ်းမဘေးမှာ ဆည်မြောင်းပုံစံလို ချောင်းထဲ ဗွက်တွေကိုအရင်ဆေးပြီးမှ မြေလမ်းပေါ်တက်တာကြောင့် ဖြူဖွေးတဲ့ ညိုခွန်းခြေဖမိုးတွေက အုတ်နီခဲရောင်သမ်းသွားသည်။ကောင်းသန့်လည်းထိုနည်းတူ။အခုထိ ရွာရဲ့အရိပ်အရောင်ကိုမမြင်ရသေးတာကြောင့် ညိုခွန်းမှ

ဂန္တဝင်လူမိုက်ကြီးကို ချစ်ရေးဆိုမည်Where stories live. Discover now