Ep-7(Unicode)

20.2K 2.1K 118
                                    





တစ်ပတ်တစ်ခါလေ့ကျင့်ရေးအဖြစ် စံအိမ်မှာရှိတဲ့ အဖွဲ့သားတွေအကုန်  တောင်ပေါ်တက်ရသည်။လူအယောက် (၆၀)အပြင် ညိုခွန်း၊ပိန်းရိုင်းနဲ့တိမ်နက်ရောပါတာကြောင့် စုစုပေါင်း(၆၃) ယောက်။မနက် ၇နာရီကနေစထွက်ပြီး ည၇နာရီမှ ပြန်လာရမည်ဖြစ်တာကြောင့် စားသောက်စရာတွေကို နှစ်ယောက်မျှသယ်ပြီး ကျန်လူများက သစ်လုံးတွေထမ်းတက်သည်။ပိန်းရိုင်းနဲ့တိမ်နက်ရဲ့ပုခုံးတစ်ဖက်စီမှာ ကြီးမားတဲ့ သစ်တုံးတွေ သယ်ဆောင်ထားသော်လည်း လက်ဗလာနဲ့ တက်ရသော ညိုခွန်းမှာတော့ အမောဖောက်တော့မလိုပင်။

တက်နေ့ကျမဟုတ်တာကြောင့် ဘာမှမသယ်ခိုင်းပေမယ့် လူချည်းပဲတက်တာတောင် အရှေ့က သွားနေတဲ့ သူတို့နဲ့လမ်းမလွဲအောင် အမှီလိုက်နေရသည်။ကိုသိန်းမြင့်၊ ကိုထွန်းခိုင်က သူနဲ့အတူတက်ပေးပေမယ့် တောင်ပေါ်ကို သတ်မှတ်ထားတဲ့အချိန်အတိုင်း အဖွဲ့သားတွေရောက်ရမှာဖြစ်တာကြောင့် အရှေ့ကနေ တက်သွားပြီ။ညိုခွန်းနဲ့ မနီးမဝေးမှာ လှမ်းမြင်ရသော ကျောပြင်ကျယ်ကြီးကိုသာ မျက်စိအားပြုပြီး လိုက်ရသည်။တိမ်နက်က အဖွဲ့သားတွေရဲ့ နောက်ဆုံးကနေပြီး တက်သော်လည်း ညိုခွန်းကိုတော့ မစောင့်။

ဘေးနားက သစ်ပင်တစ်ပင်ရဲ့ ပင်စည်ကို လက်ထောက်ရင်း နိုမ့်ချည်မြင့်ချည်ဖြစ်နေသော ရင်အစုံကိုခဏ အနားပေးရသည်။

"ရေသောက်မလား"

တစ်ဦးတည်းသော မိန်းကလေးဖြစ်တဲ့ ပိန်းရိုင်းမှန်း ညိုခွန်းအသံကြားရုံနဲ့သိသည်။ကမ်းပေးနေတဲ့ ရေဘူးကိုယူကာ ညိုခွန်းပြုံးပြလိုက်ပြီး

"ကျေးဇူး  ရိုင်း"

ရေဘူးကို နှုတ်ခမ်းနဲ့မထိအောင် မော့သောက်လိုက်ပြီး သူမကို ပြန်ပေးလိုက်သည်။လက်တစ်ဖက်က သစ်လုံးထမ်းထားတာတောင်သက်သောင့်သက်သာရှိနေဆဲ ပိန်းရိုင်းနဲ့ အမောဖောက်နေတဲ့ ညိုခွန်း။အနည်းငယ် ရှက်သလိုလိုဖြစ်လာတာကြောင့် ပြန်အားတင်းပြီး ဆက်တက်တော့ သူမကလည်း ဘေးကနေ လိုက်တက်သည်။

"ညိုခွန်း ဒီကိုရောက်နေတာကြာပြီလား"

"လေးရက်ပဲရှိပါသေးတယ် "

ဂန္တဝင်လူမိုက်ကြီးကို ချစ်ရေးဆိုမည်Where stories live. Discover now