Chapter...33

71.1K 4.5K 362
                                    

ခြံဝကနေ အိမ်ထဲသို့ လှမ်းမျှော်ရင်း အော်ခေါ်
ကာ မျက်ရည်တွေလှိမ့်ဆင်းကျနေမိလေ
သည်။ အရှေ့က မောင့်ရဲ့မိန်းမဆိုတဲ့သူကို
အံကြိတ်ကာ နာကျင်မုန်းတီးသောအကြည့်နဲ့
ကြည့်ရင်း ဗိုက်လေးကိုကိုင်ကာ သူ့ကိုတွန်း
ဖယ်နေကြသည့် လက်တွေထဲမှရုမ်းထွက်ရင်း
အဆက်မပြတ် မောင်ကြားလိုကြားညားအော်
မိနေခြင်းပင်။

"မြန်မြန်မောင်းထုတ်လိုက်လေ ကောင်း
ကောင်းပြောလို့မှမရရင် ရိုက်နှက်ပစ်လိုက်
ကလေကချေတွေကို"

ဗိုက်ပူလေးကိုကိုင်ထားရင်း တဖက်ကလည်း
သူ့ကိုတွန်းဖယ်နေကြသည်များကိုရှောင်တိမ်း
ဖို့ကအားမစွမ်းသာပေ။

"အ့...အာ့"

"မင်းရရဲ့လား မင်းတို့တရားမလွန်နဲ့ သူက
ကိုယ်ဝန်ကြီးနဲ့ဘာလို့ဆောင့်တွန်းရတာလဲ
တောက်"

"ဘာလဲရှင်ကမကျေနပ်ဘူးလား မကျေနပ်
လည်းမတတ်နိင်ဘူး ရှင့်အကောင်ကကောင်း
ကောင်းပြောလို့မှမရတာ ခံရတာတောင်နည်း
သေးတယ်"

"တောက် မင်း...မင်း"

မြေကြီးပေါ်ဖင်ထိုင်လျက်လေးပြုတ်ကျသွား
သလို ဗိုက်လေးမှာအင့်ခနဲ့အောင့်သက်သက်
ဖြစ်သွားရလေသည်။ဗိုက်ကြောလေးတွေ
တောင်စိမ့်ကနဲ့ခံစားလိုက်ရပြီး ဗိုက်ထဲက က
လေးလေး ဘာများဖြစ်သွားလဲဆိုပြီး စိုးရိမ်
ပူပန်မူက ရင်ထဲဆို့တတ်လာလေ၏။

"မင်းဘာဖြစ်သွားသေးလဲ ဗိုက်ထဲကကော
ဘယ်လိုနေသေးလဲ ငါ့ကိုပြောစမ်းပါဦးကွာ"

"ကျုပ်ဗိုက်အင့်ခနဲ့အောင့်သွားတယ် မောင့်
ရင်သွေးလေးဘာမှမဖြစ်ဘူးမလားဟင် ကျုပ်
မောင့်က သူ့ကလေးလေးတစ်ခုခုဖြစ်ရင်
ကျုပ်ကိုမချစ်ဘဲနေတော့မှာ အီးဟီး"

"မငိုပါနဲ့ကွာ ဘာမှမဖြစ်ပါဘူး အခုမင်းနေသာ
နေပြီဘဲမလား ဘာမှမဖြစ်ဘူးနော်"

မြေကြီးပေါ်ဖင်ထိုင်ကျရက်လေးဖြင့် ဗိုက်
လေးကိုကိုင်ကာ ငုတ်တုတ်လေးထိုင်ငိုနေတဲ့
အလှလေးကို ဝဏ္ဏမင်းလွင်ကြည့်ပြီး စိတ်မ
ကောင်းဖြစ်ရသလို တဖက်ကလည်းအတင်း
တွန်းဖယ်လုပ်တဲ့ ကောင်တွေကိုလည်း ဒေါသ
ဖြစ်ရလေသည်။

မူယာနွဲ့ဟန်ချီ [ Complete] Where stories live. Discover now