Chapter...29

58.7K 4.1K 229
                                    

သူငယ်ချင်းဖြစ်သူသံခဲလဲကျသွားသည်နှင့်
ဗိုက်ကလေးကိုပင်ဂရုမစိုက်အားအတင်းပြေး
ထူကာ စိတ်ပူမူတွေကလည်းရောထွေးလို့ပေါ့
ကားပေါ်က လူကြီးကိုလည်း ရေပက်မဝင်
အောင်ရန်တွေ့ပြီး စိတ်ကလည်းတို ဗိုက်နဲ့မို့
ထိုလူကြီးရဲ့မျက်ခွက်ကိုသွားထိုးဖို့ကလည်း
မဖြစ်နိင်မို့ ကားရှေ့ပိတ်ရပ်ပြီး ပြန်မတောင်း
မပန်မချင်းကို ရန်လုပ်နေတော့တာ။

ဝဏ္ဏမင်းထင် မှာလည်းကားကိုဂရုတစိုက်
မောင်းပြီးလမ်းမှန်မောင်းလာပေမဲ့ ရုတ်တ
ရက်လမ်းဖြတ်ကူးမူကြောင့် အမြန်ဘရိတ်
အုပ်လိုက်ပေမဲ့ အနည်းအကျဥ်းတော့ထိခိုက်
သွားပုံပင်။

"ခင်ဗျားကြီးမကြားဘူးလား လုပ်တုန်းကလုပ်
ပြီး အခုမှတာဝန်မယူချင်လို့ရမလား ထွက်ခဲ့"

ဗိုက်ပူလေးနဲ့ရန်တွေ့နေတဲ့ ခပ်စွာစွာအလှ
လေးကိုစိတ်ပင်မဆိုးရက်ဘဲအသဲယားမိသွား
လေသည်။

"ဟုတ်ပါပြီဗျာ ကားထဲကထွက်လာပါပြီ"

"ထွက်လာလို့တော်သေးတာပေါ့ အခုဘယ်လို
လုပ်မှာလဲ ခင်ဗျားတာဝန်မယူဘူးလား"

သူလေးပြောနေပုံလေးက ပတ်ဝန်းကျင်ရဲ့အ
မြင်မှာ ကိုယ်ကဘဲဗိုက်ကြီးအောင်လုပ်ပြီးပစ်
ထားခဲ့ကာတာဝန်မယူလို့ လူကြားထဲကိုယ်
လုပ်ခဲ့တာကိုယ်သိဆိုတဲ့သဘောမျိုးလေး။

"ဖြည်းဖြည်းပြောပါကွာ မင်းလေးပြောပုံက
ငါကဘဲဗိုက်ကြီးအောင်လုပ်ပြီး ဟိုဟာ"

"ဘယ်ကိုလာမျက်စီသရမ်းတာလဲ ဒီဗိုက်က
ပိုင်ရှင်ရှိတယ် အခုကျုပ်သူငယ်ချင်းကိုကြည့်
ပေးထတောင်မထနိင်တော့ဘူး"

ခြေထောက်မထောက်နိင်လို့ ကတ္တရာလမ်းမ
ပေါ်အော်ညည်းနေတဲ့သံခဲကို ဖိုးထောင်က
အားပေးနေရင်း ထိုလူကြီးကိုအခဲမကျေတဲ့
မျက်လုံးနဲ့ကြည့်လေသည်။

"ခြေထောက်ခေါက်သွားတာပါ ကြည့်ရတာ
ခြေသလုံးရိုးကိုနည်းနည်းထိသွားတဲ့ပုံဘဲ
အကိုဆေးခန်းမှာဆေးကုပေးဖို့ခေါ်သွားမယ်"

"ခြေခေါက်ရုံလေးဘဲဟုတ်လို့လား ကျုပ်သူ
ငယ်ချင်းကအရမ်းနာကျင်နေတာဗျ"

မူယာနွဲ့ဟန်ချီ [ Complete] Where stories live. Discover now