Chapter...16

78.9K 4.8K 376
                                    

မနေ့ညကကိစ္စကြောင့် ဒေါ်နှင်းမြမှာ အိမ်လေး
လည်းပြိုသွားရသလို ချောင်းအဟန့်လွန်ပြီး
အသံပင်ဝင်သွားပြီဖြစ်လေသည်။

ဒေါ်နှင်းမြကတော့ပြောပါတယ် ခတ္တာငါကို
မမေးစဖူးလူမမာသွားမမေးဘူးလားဆိုပြီး
နှင်နေတည်းကသူ့အရိပ်အခြည်ကိုငါသိခဲ့ရမှာ
တဲ့။အခုတော့အိမ်လေးလည်းပြို အသံပါဝင်
သွားရပြီး အိမ်အပျက်လေးကြားထဲကမရှိမဲ့
ရှိမဲ့အိုးခွက်လေးတွေလိုက်ကောက်ရင်း သား
နှင့်သမက်ဖြစ်သူကို မေတ္တာပို့နေလေတော့
သည်။

အိမ်လေးကအစတည်းကခပ်ယဲ့ယဲ့ဖြစ်သလို
ဝါးအိမ်ထရံကာဓနီမိုး သားအမိနှစ်ယောက်
တည်းဖြစ်သလိုဆောက်ပြီးနေတဲ့အိမ်လေး
ပေမဲ့ ဒီတမိုးလောက်တော့တောင့်ခံပြီး နွေ
ပေါက်မှအိမ်သစ်လေးဆောက်မည်တွေးထား
ပေမဲ့ သမက်ဖြစ်သူသောင်းကျန်းတာနှင့်ပင်
အိမ်လေးမှာပြိုသွားရလေတော့သည်။

ခြံဝိုင်းတစ်ခုတည်း၌နေတဲ့အဘစံလှတို့က
အိမ်သစ်လေးပြန်ဆောက်ဖို့အတွက် သုံးလေး
ရက်ကြာဦးမည်ဆိုတာသိတာကြောင့် သူတို့
အိမ်မှာဘဲခဏနေခိုင်းလေသည်။ အဘစံလှ
ကတော့စနောက်ပြီး ငါအိမ်လေးတော့ချမ်း
သာပေးပါတဲ့လေ။ ပြန်ဆောက်မည့်အိမ်လေး
ကလည်းဝါးအိမ်လေးပေဘဲမို့ ရွာကရွာသား
တွေရဲ့ကူညီတတ်တဲ့စိတ်ကြောင့် ဝိုင်းကူ
ဆောက်ပေးမည်ဟုပြောကြလေသည်။

တဆက်တည်း အိမ်ပြိုလင်နှစ်ယောက်ကိုမြင်
တာနဲ့ပြုံးစီစီလုပ်သွားကြပြီးသရဝဏ်ထွဋ်ခေါင်ရဲ့ အားအင်ကိုတော့ အံ့သြလို့မဆုံးကြချေ။
အိမ်ပါပြိုရအောင်တော်တော် အားရှိတာဘဲ
တဲ့။

"အရီးလေးတို့ညက အိမ်ပြိုသွားလို့ဆို"

"သြော်ဘယ်သူများလဲလို့ လူပျိုကြီးကိုတင်
မောင်ကြီးပါလား လာလေလူလေး"

"အဲ့ဒါဆိုဝင်လာခဲ့ပြီနော် အရီးလေး ဒါနဲ့ခတ္တာ
ကော"

"ခတ္တာရှိတယ် အနောက်မှာသူယောကျ်ား
လယ်ထဲကပြန်လာရင်စားဖို့ချက်နေလေရဲ့
လူလေးမြင်တဲ့အတိုင်းဘဲ ညကအိမ်ပြိုသွား
လို့အခုစံလှတို့အိမ်မှာခဏနေနေရတယ်"

မူယာနွဲ့ဟန်ချီ [ Complete] Where stories live. Discover now