Chapter...3

86.9K 6.8K 977
                                    

ဌာနီကုန်းရွာလေးဟာ အိမ်ခြေတစ်ရာ
လောက်သာရှိပြီး လယ်လုပ်လက်စားသမား
တွေဖြစ်သလို ပင်လယ်နဲ့နီးတာကြောင့် တံငါ
ရွာလေးဆိုလည်းမမှားပေ။

မြို့နဲ့တော်တော်အလှမ်းဝေးပြီး ချောင်ကျတဲ့
ရွာလေးဖြစ်သလို စိမ်းစိုအုပ်မှိုင်းတဲ့တောတွေ
နဲ့ဝန်းရံကာ ပင်လယ်နားနီးတဲ့ရွာလေးဖြစ်လေ
သည်။ မြို့နဲ့အလှမ်းဝေးတာကြောင့် မြို့ပေါ်
ကိုသွားမည်ဆိုရင် ရထားတတန် ကုန်းတတန်
နဲ့မို့ မြို့ကိုသွားကြသည်ကနည်းလေသည်။

ဖုန်းအဆက်အသွယ်ကလည်းမရှိသလောက်
ဖြစ်သလို ရွာထိပ်က သူကြီးအိမ်ကကြိုးဖုန်း
လေးကလည်း လိုင်းမမီတာကများတာ
ကြောင့် အသုံးမပြုတာကြာတော့ ဟောင်းနွမ်း
နေလေပြီ။ ရွာသားအချင်းချင်းအမှီသဟယ်
ပြုပြီးနေကြတာကြောင့် မြို့နဲ့အဆက်အသွယ်
မရှိလည်း အကြောင်းမဟုတ်ဟုတွေးထားကြ
လေသည်။

ရွာနဲ့နီးစပ် ရွာငယ်လေးတွေနဲ့ စီးပွားရှာအဖော်
ပြုကာနေကြလေသည်။ အိမ်တိုင်းလိုလို ကြက်မွေးကြပြီး ဝက်သားပေါ်မှ ဝယ်စားကြ
တာမျိုးဖြစ်ပြီး ညနေစောင်းသည်နှင့် ဖယောင်းတိုင်မီး ဆီမီးခွက်လေးတွေနှင့်သာ
မီးထွန်းကြပြီးစောစောအိပ်ကြလေသည်။

ခတ္တာလေးမှာတော့ ဒဏ်ရာရပြီးသတိလစ်
နေတဲ့ လူကို ပစ်မထားချင်တာကြောင့် သတိ
ပြန်ရသည့်အထိအဖော်ပြုရင်းနေလာလိုက်
တာ အခုသတိပြန်ရချိန်မှာတော့ ညနေစောင်း
မိုးချုပ်နေပြီဖြစ်သည်။ အခုဆိုအမေအရမ်း
စိတ်ပူနေတော့မှာဘဲ။

"ဟေ့ မင်းဘာတွေတွေးနေတာလဲ ငါ့ကိုကြောက်လို့လား"

"မ မဟုတ်ပါဘူး အကိုလေးဗိုက်ဆာနေပြီ
လား ဒီမှာအကြော်နည်းနည်းရှိသေးတယ်
စားလိုက်ပါလား"

ဒဏ်ရာနဲ့သူကို ကြောက်နေမှာကတကြောင်း
ညမိုးချုပ်လာပြီဖြစ်တာကြောင့် အမှောင်ကို
ကြောက်နေမည်ဆိုတာ သူလေးရဲ့အသံအနေ
အထား နှုတ်ခမ်းလေးတုန်ယင်နေတာကိုသိ
နိင်လေသည်။

"မင်းငါ့ကို အကိုလေးလို့ခေါ်လိုက်တာလား"

"ဗျာ ဟုတ်ကဲ့ မကြိုက်လို့လားဟင် ကျုပ်က
ဘယ်လိုခေါ်ရမလဲမှမသိတာကြီးကို"

မူယာနွဲ့ဟန်ချီ [ Complete] Where stories live. Discover now